Channel Myanmar

Fausto Russo Alesi

Twice Born (2012) 7.3
Twice Born (2012)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းဖြစ်ရပ်မှန်ကိုနောက်ခံထားတဲ့ အီတလီဒရာမာဇယတ်လမ်းလေးပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.3 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။မင်းသားကတော့ Into the wild , the girl next door တို့မှာပါဝင်ထားတဲ့ Emile Hirsch ဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Penelope Cruz ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1992 ခုနှစ်မှာ Bosnia and Herzegovina နိုင်ငံရဲ့မြို့တော် Sarajevo ကိုအပိတ်ဆိုခံရတာကိုအခြေခံထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အီတလီနိုင်ငံသူ ဂျမ်မာဟာသူ့ရဲ့သား ပီယက်ထရို့နဲ့အတူ Sarajevo မြို့ပိတ်ဆိုခံရတဲ့အထိမ်းအမှတ်ပွဲအတွက် Bosnia နိုင်ငံကိုသွားခဲ့ပါတယ်။ ဂျမ်မာဟာ ၁၉၉၂ ခုနှစ် Sarajevo မြို့ပိတ်ဆို့ခံရတဲ့အချိန်မှာ အဲ့မြို့မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကဂျမ်မာကတက္ကသိုလ်စာတမ်းပြုစုဖို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ အဲ့ဒီမှာသူမရဲ့သား ပီယက်ထရိုရဲ့အဖေဖြစ်မဲ့သူ အမေရိကန်လူမျိုး ဓါတ်ပုံဆရာ ဒီရေဂိုနဲ့တွေ့ရှိပြီးချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်မာဟာမြုံနေတဲ့အတွက်ကိုယ်ဝန်မရနိုင်တဲ့အခါ အက်စ်ကာဆိုတဲ့ဂီတပညာရှင်ကောင်မလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့စဉ်းစားလာပါတယ်။ ထို့နောက် Sarajevo မြို့ပိတ်ဆို့ခံပြီး ...
movie

Twice Born (2012)

Kidnapped (2023) 7.1
Kidnapped (2023)  ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ....ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀‌ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်..... File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Kidnapped (2023)

Strangeness (or) La Stranezza (2022) 6.9
Strangeness (or) La Stranezza (2022) Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ကြားထဲမှာ ...
movie

Strangeness (or) La Stranezza (2022)

2022