Channel Myanmar

Fayssal Bazzi

Late Night with the Devil (2023)
Late Night with the Devil (2023)  ဒီသရဲကားက သာမန် ကားတွေနဲ့ လုံးဝမတူဘူးဗျ.. Horror ကားစစ်စစ်အရသာကို Rating 7.2 နဲ့ အတော်လေးကောင်းတဲ့ ကားလို့ပြောလို့ရတယ် Horror အရသာကို အမှန်ကန်ခံစားစေရမှာဖြစ်ပြီး...Jumpscare တွေနဲ့ ဖြဲချောက်တာမဟုတ်ဘဲ ကြည့်ရင်း ကျောချမ်းစေလာမယ့်..ရုပ်ရှင်ဖြစ်ပြီး...တင်ဆက်ပုံကလည်း ထူးခြားပါတယ်ဇာတ်လမ်းကိုပြောရရင်.....အမေရိကရဲ့ Late Night Talk Show အစီအစဉ်တွေကြည့်ဖူးကြမယ်ထင်တယ်.. Celebrity တွေကိုဖိတ်ခေါ်ပြီးစကားတွေအပြန်အလှန်ပြော အင်တာဗျူးကြတဲ့အစီအစဉ်ပေါ့ ဒီ Late Night Show ကတော့.. ပရလောကသားတွေ သဘာဝလွန်ဖြစ်ရပ်ကြုံတွေ့ရသူတွေကို ဖိတ်ခေါ်ပြီး တိုက်ရိုက်တင်ဆက်တဲ့ talk show ပါပဲ...၁၉၇၇ က talk show ပုံစံတွေအတိုင်း ဇာတ်တိုက်ထားခြင်းမရှိဘဲ non-stop တင်ဆက်တာပါ...ဒီအစီစဉ်ဟာ ဟော်လိုးဝင်းအထူးအစီအစဉ်ဖြစ်တာကြောင့် Late night with Devil စေတန်နှင့်ညနေခင်း ဆိုပြီး နာမည်ပေးလိုက်ပါတယ်... ဝိဉာဉ်လောကနဲ့ချိတ်ဆက်ပြီး စေတန်ကိုးကွယ်သူတွေကို ဖိတ်ခေါ်တယ်...ပညာရှင် ဖြစ်သူ ကာမိုက်ကယ်ဟေ့ဂ်က တကယ့်ဖြစ်ရပ်မှန်ရင် ...
movie

Late Night with the Devil (2023)

4K HEVC
Black Site(2022) 6.5
Black Site(2022) Black Site(2022)***************ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။ လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကိုဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့action thrillerကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။ လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်းလျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်းပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။ အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။ သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့ အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ File Size :(1.3GB)& (443MB) Quality :BLU-RAY.1080P,720p Format…mp4 Duration…01:33:00 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie

Black Site(2022)

Peter Rabbit (2018) 6.6
Peter Rabbit (2018) Peter Rabbit (2018)IMDb - 6.6/10_____Rotten - 63%   ဖေဖော်ဝါရီလတုန်းကမှ ရုံတင်သွားတဲ့ Peter Rabbit ဇာတ်ကားကိုတော့ အများကြီးညွှန်းဆိုစရာ မလိုဘူးထင်ပါတယ်။ အမေရိကန်အင်္ဂလိပ် စာရေးဆရာမ Beatrix Potter ရဲ့ နာမည်ကျော် The Tale of Peter Rabbit စာအုပ်ကိုပြန်လည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb score 6.6 တောင်ရရှိထားပြီးတော့ ဒေါ်လာသန်း ၅၀ နဲ့ရိုက်ကူးခဲ့တဲ့ကားဟာ ဒေါ်လာသန်း၃၀၀ နီးပါးပြန်လည်ရရှိခဲ့တဲ့အတွက် ငွေကြေးအရ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------ယုန်ကလေး Peter ဟာ မိဘနှစ်ဦးသေဆုံးပြီးတဲ့ နောက်မှာ ညီမသုံးယောက် ဝမ်းကွဲအစ်ကိုတစ်ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ တခြားတိရစ္ဆာန်တွေလို အစားကိုပုံမှန်ရှာစားလည်းဖြစ်ပေမယ့် စွန့်စွန့်စားစားလုပ်လိုက်ရမှ ကျေနပ်တဲ့ Peter က Joe McGregor ဆိုတဲ့ ဒေါသအိုးအဘိုးကြီးရဲ့ ခြံထွက်သီးနှံတွေကိုသာ ခက်ခက်ခဲခဲခိုးစားလေ့ရှိပါတယ်။ တစ်ရက် အဘိုးကြီး McGregor ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာ Peter တို့မောင်နှမတစ်သိုက်ဟာ သူ့အိမ်ကြီးမှာ ပျော်ရွှင်စွာမင်းမူကြပါတော့တယ်။ သို့ပေမယ့် အဘိုးကြီးဟာ ...
movie

Peter Rabbit (2018)

2018
Measure for Measure(2020) 6.0
Measure for Measure(2020) Measure for Measure(2020)အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့ အချစ်မှာမျက်စိမပါဘူးတဲ့ အချစ်အကြောင်းကို ခေတ်အဆက်ဆက်အလိုက်အမျိုးမျိုး အဓိပ္ပာယ်တွေဖွင့်ဆိုကြပေမဲ့ အခုအထိ  ကန့်သတ်ချက်တစ်ချို့ရှိနေတာကတော့ ဘာသာရေးဆိုတဲ့ တံတိုင်းကြီးပါပဲ...ယောက်ျားလေးနဲ့မိန်းကလေး နှလုံးသားချင်းနီးစပ်ပြီး ချစ်ကျွမ်းဝင်တာဟာ သဘာဝလို့ပြောပြီး ဘာသာမတူတဲ့လူနှစ်ယောက်မေတ္တာမျှတဲ့အခါကျတော့  တစ်ချို့ကိစ္စတွေက ကန့်သတ်ချက်တွေရှိလာတယ်ထင်ပါရဲ့...လူဖြူကောင်လေး ကလော်ဒီယိုဟာ မွတ်စလင်မလေး ဂျိုင်ဝါရာနဲ့ ရင်ဘတ်ချင်းစကားပြောခဲ့ရာက စတာပေါ့ ကလော်ဒီယိုဟာ ခေတ်လူငယ်တစ်ယောက်... သူဝါသနာပါတဲ့ ဂီတကို ဖန်တီးတယ်... အမြဲတမ်း Headphone တစ်ခုနဲ့ ကျဉ်လည်နေတတ်သူ...အဲ့ဒီမှာ လှလွန်းပါတဲ့ဆိုတဲ့ ဂျိုင်ဝါရာလေးနဲ့ တွေ့ဆုံပြီးတဲ့အချိန်မှာတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (336 MB) Quality : WEB-DL 720p Format…mp4 Duration…01:47:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Measure for Measure(2020)