Channel Myanmar

Federico Pérez Rey

Something Is About to Happen (Que Nadie Duerma) (2024)
Something Is About to Happen (Que Nadie Duerma) (2024)  ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.ဇာတ်လမ်းကို အကြမ်းဖျင်းပြောပြရရင်တော့ လူဆီယာဆိုတဲ့ IT ကျွမ်းကျင်တဲ့ အမျိုးသမီးလေးတစ်ဦးဟာ သူတို့ကုမ္ပဏီသူဌေးရဲ့ အကျင့်ပျက်မှုကြောင့် တက်စီမောင်းပြီး အသက်မွေးဝမ်းကြောင်းရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်.ဒါပေမယ့်လည်း လူဆီယာဟာ ကာလက်ဖ်ဆိုတဲ့ အမျိုးသားတစ်ဦးကို ခဏလေးပဲတွေ့ခဲ့ပြီး စွဲလမ်းစိတ်ဖြစ်ခဲ့ကာ သူမောင်းတဲ့တက်စီကို တစ်နေနေ့မှာ ကာလက်ဖ်တစ်ယောက် ငှားစီးမိမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပဲ စောင့်မျှော်နေခဲ့ပါတယ်.ဇာတ်ရဲ့ အဓိကအချိုးအကွေ့တွေဟာ ဇာတ်လမ်းတစ်ဝက်လောက်ကနေ စပြီး ဇာတ်ပြီးဆုံးတဲ့အထိ အရှိန်ကောင်းလာပြီး ဘယ်သူတွေက လူဆီယာ့အပေါ် ဘယ်လိုတွေ ကြံစည်နေလဲ? လူဆီယာကရော ဘာတွေလုပ်မိသွားမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းပြီးတဲ့အထိ ဆွဲခေါ်သွားနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်.အင်္ဂလိပ်ကားတွေပဲကြည့်ရတာ ရိုးနေတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင် စပိန် Thriller ကားလေးတစ်ကားကို ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ. File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre...Drama, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Something Is About to Happen (Que Nadie Duerma) (2024)

The Sea Inside (2004) 8.0
The Sea Inside (2004)  ဇာတ်ကားကြည့်တဲ့ မိတ်ဆွေတွေထဲမှာ အငြိမ်လေးနဲ့ တွေးဆရတဲ့၊ ခံစားရတဲ့ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ညွှန်းပါရစေ။စပိန်ဒါရိုက်တာ Alejandro Amenábar ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ လေဖြတ်ပြီး မလှုပ်နိုင်မရှားနိုင်တဲ့ လူတစ်ယောက်ရဲ့ အဖြစ်သနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့ Euthanasia လို့ခေါ်တဲ့ "ဆန္ဒအလျောက် ညင်သာစွာဇီဝိန်ခြွေပေးခြင်း" ဆိုတဲ့ ကိစ္စရပ်တစ်ခု အကြောင်းကို အဲ့လိုမျိုး သေးဆုံးဖို့ ဆန္ဒရှိသူ ရေမွန် ဆိုတဲ့ လေဖြတ်ဝေဒနာသည်၊ သူ့ရဲ့မိသားစု၊ သူ့မိတ်ဆွေတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ တရားဥ‌ပဒေရေရာ ပညာရှင်တို့ရဲ့ အမြင်သတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ Biography ဆန်ဆန်၊ Drama ဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရေမွန် ဆမ်ဖရီဒိုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုလို့လည်း သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရွေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ The Best Foreign Language Film ဆုကိုရရှိခဲ့တဲအပြင် အခြားသော ...
movie

The Sea Inside (2004)

The Beasts (2022) 7.7
The Beasts (2022) The Beasts (2022)==============IMDb Rating - 7.7/10IMDb 7.7နဲ့ RT 100% ရထားတဲ့ စပိန်-ပြင်သစ်စကား​ပြောThriller mystery ဇတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်​ပေးလိုက်ပါတယ်။အန်တွမ်နဲ့ ဇနီးဖြစ်သူအော်ဂါတို့ဟာ ပြင်သစ်နိုင်ငံက​နေ စပိန်နိုင်ငံရှိ ​​တောင်​ပေါ်ရွာ​လေး တစ်ရွာမှာ စိုက်ပျိုး​မွေးမြူ​ရေးလုပ်ရင်း ​အေးရာ ​အေး​ကြောင်း​ နေထိုင်ဖို့ ရည်ရွယ်ထားကြသူ​​​တွေပါ။ ဒါ​ပေမဲ့ သူတို့ရဲ့ အိပ်မက်က ထင်သ​လောက်​မချော​မွေ့ဘဲ ရွာခံလူထုရဲ့ မ​​နွေး​ထွေးတဲ့ ကြိုဆိုမှု​တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်းဖြစ်တဲ့ ညီအစ်ကို၂​ယောက်နဲ့ မကြာခဏခိုက်ရန်ဖြစ်ခဲ့ရသလို အသက်ကိုပါ ခြိမ်း​ခြောက်တဲ့အထိ အမုန်းပွားမှု​တွေရှိ​နေတာပါ။ ဒီလိုနဲ့ တစ်​နေ့မှာ ခင်ပွန်းဖြစ်တဲ့ အန်တွမ် ရုတ်တရက်​ ပျောက်ဆုံးသွားပါ​တော့တယ်။​အော်ဂါက​တော့ သူ့ခင်ပွန်းအသတ်ခံရတာလို့ တထစ်ချယုံကြည်ရင်း ​ယောကျ်ားဖြစ်သူအ​လောင်းနဲ့ တရားခံ​တွေကိုရှာ​​ဖွေရာ သူထင်သလို အန်တွမ်က အသတ်ခံလိုက်ရတာလား၊ တရားခံ​ဘယ်သူဖြစ်​နေမလဲ၊ ဒီတိုင်း​ပဲပျောက်ဆုံးသွားတာလား စသဖြင့် ​မေးခွန်းများစွာနဲ့ကြည့်ရှု ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ illidan ဖြစ်ပါတယ်)File Size..........(2.16 GB) / (825 MB) / (445 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs ...
movie

The Beasts (2022)

2022