Channel Myanmar

Felissa Rose

Late Checkout (2023)
Late Checkout (2023) Late Checkout 2023 (Review)တောအရပ်မှာ အေးအေးချမ်းချမ်းသွားနေမယ်ဆိုတဲ့သူတွေကို စိတ်ကင်ဆာအမျိုးမျိုးပေးမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ Horror Gerne ဖြစ်ပြီး Thriller ဖြစ်စေမယ့် Vibe သိပ်မပါတာကြောင့် တအားကြီးတော့ လန့်စရာမကောင်းပါဘူး။ ဒါပေမဲ့ R-rated ဖြစ်တာကြောင့် သွေးသံရဲရဲတွေကိုမှ ကြိုက်တဲ့သူတွေအတွက် Exciting ဖြစ်စေမှာပါ။ ရိုက်ချက်တွေကတော့ အသက်ဝင်ပြီး plot ပိုင်းကတော့ အားရစရာမရှိပါဘူး။ Runtime လည်း တိုတာကြောင့်လည်း ပါမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘော်ဒါတစ်သိုက်ဟာ ပိတ်ရက်မှာ ကဲဖို့အတွက် တောတွင်းတစ်နေရာက အိမ်တစ်လုံးကို စုငှားလိုက်ကြပါတယ်။ ငယ်ပေါင်းကြီးဖော်တွေဖြစ်တာကြောင့် အားလုံးတူတူ တပျော်တပါး သောက်ကြကဲကြဖို့ လာခဲ့တာဖြစ်ပြီး ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် လိုက်လာတဲ့သူ၊ ရည်းစားလိုချင်လို့ လိုက်ခဲ့တဲ့သူ ဘော်ဒါတွေ စုံနေခဲ့ပါတယ်။ သောက်ကြစားကြ မူးကြပြဲကြတာဆိုတော့ ပေါက်ကရတွေပြောရင်း အဲဒီပြောတဲ့ပေါက်ကရတွေက စကားနောက် တရားပါသလို အမှန်တကယ် ဖြစ်လာမှာတော့...ဘော်ဒါတွေထဲမှာ ဘယ်သူတွေ ရှင်ကျန်ခဲ့မှာလဲ...? လူသတ်သမားကတော့ ဘော်ဒါတွေထဲကပဲလား...? ဒါမှမဟုတ် တခြားတစ်ယောက်လား...?သိချင်ရင်တော့ ဇာတ်လမ်းလေးကိုသာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်း နဲ့ ...
movie

Late Checkout (2023)

2023
Return to Sleepaway Camp (2008)
Return to Sleepaway Camp (2008)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to SleepawayCamp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikကရိုက်ကူးပုံဖော်ထားပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ်Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ်မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး ErinBroderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူအမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲအာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီးတစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေးမစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့်သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလိုဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေအားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ်ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်းမင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီးအာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလားဒါမှမဟုတ် ...
movie

Return to Sleepaway Camp (2008)

Ring of Desire (2021) 4.1
Ring of Desire (2021) Ring of Desire (2021) ================= Horror လို ဆိုပေမဲ့ အထွေအထူးကြောက်စရာလန့်စရာမျိုးတော့ မပါပါဘူး။ ရှေးဟောင်း မှော်၀င်လက်စွပ်တစ်ကွင်းကို အခြေတည်ပြီး ဇာတ်လမ်းကို စိတ် ၀င်စားစရာ ပုံဖော်ထားတာပါ။ဇာတ်လမ်းအကျဉ်း - ဟိုးရှေးရှေးတုန်းက‌ စုန်းမနှစ်ယောက် မှော်လက်စွပ်တစ်ကွင်းကိုလုရင်း တိုက် ခိုက်ကြရာက ဇာတ်လမ်းစပါတယ်။ နောင်နှစ်ပေါင်းရာချီအကြာမှာ အဲဒီ‌‌မှော် လက်စွပ်ဟာ တိုနီနဲ့မာရီယာတို့ လင်မယားဆီ မထင်မှတ်ဘဲ ရောက်ရှိလာပါ တယ်။ တစ်နေ့မှာ တိုနီနဲ့မာရီယာဟာ လင်မယားပြန်အဆင်ပြေဖို့ တောအုပ်ထဲ က အိမ်လေးဆီ ဒုတိယမြောက်ဟန်နီးမွန်းဆန်ဆန် ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ တိုနီ့ညီမဖြစ်သူဂျန်နီဖာနဲ့ သူ့ရည်စားမလေးဟော်လီတိုလည်း အဲဒီအိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါတယ်။အဲဒီမှာ သူတို့လေးယောက်လက်ထဲကို ရမ္မက်လက်စွပ်လို လူသိများတဲ့ မှော်လက် စွပ်ရောက်လာတဲ့အခါ... ဘာတွေဆက်ဖြစ်လာမလဲ၊ လက်စွပ်က ဘယ်လိုတွေ ပတ်မွှေမလဲဆိုတာကို ကြည့်ကြရမှာပါ။ (ဒီနေရာမှာ 18+ ဆန်ဆန်ဇာတ်၀င်ခန်းတွေ ပါ၀င်တဲ့အကြောင်း ကြိုသတိပေးထားပါရစေနော်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.26 GB) / (448 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM
movie

Ring of Desire (2021)

2021
Craving (2023)
Craving (2023)  မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Crime, Horror, Thriller Subtitle….Myanmar Subtitle ...
movie

Craving (2023)

Sleepaway Camp (1983)
Sleepaway Camp (1983)  နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ညအိပ်တောတွင်းစခန်းလို့ အမည်ရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နွေရာသီတခုမှာ အဒေါ်မိသားစုနဲ့နေထိုင်ရတဲ့ အန်ဂျလာဆိုတဲ့ အရှက်အကြောက်ကြီးတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးဟာ ၀မ်းကွဲအစ်ကိုဖြစ်သူ ၁၅ နှစ်အရွယ် ရစ်ကီနဲ့ အယ်ရာ၀က် နွေရာသီတောတွင်းစခန်းကို လည်ပတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အန်ဂျလာတို့ မောင်နှမ စခန်းကိုရောက်ရှိပြီးအကြာမှာ အန်ဂျလာအပေါ်ကို အနိုင်ကျင့် စနောက်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အန်ဂျလာကို အနိုင်ကျင့်စော်ကားသူတွေဟာ တယောက်ပြီး‌တယောက် ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးလာကြတဲ့အခါမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီရုပ်ရှင်ဟာ ၁၉၈၃ကတည်းက ထွက်ရှိထားခဲ့ပေမဲ့ သရုပ်ဆောင်ချက်တွေ မိတ်ကပ်ပြင်ချက်တွေဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်ကောင်းတဲ့အထဲပါခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးမှာ လူသတ်သမားကိုထုတ်ဖော်ချပြလိုက်ခြင်းကလည်း အမေရိကန်ရုပ်ရှင်သမိုင်းကြောင်းမှာ ထိတ်လန့်တုန်လှုပ်မှုကို အထွတ်အထိပ်အထိရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၈၀ကျော်ခုနစ်တွေတုန်းက သည်းထိတ်ရင်ဖို ရုပ်ရှင်ကားဟောင်းတွေကို နှစ်သက်သူတွေအနေနဲ့တော့ ဒီရုပ်ရှင်ကို သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ...
movie

Sleepaway Camp (1983)

Bloody Summer Camp (2022) 5.2
Bloody Summer Camp (2022) 1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt
movie

Bloody Summer Camp (2022)