Channel Myanmar

Feng Lijun

The Origin of The Legend Of Meng Po ( 2024 ) 5.8
The Origin of The Legend Of Meng Po ( 2024 ) လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h ...
movie

The Origin of The Legend Of Meng Po ( 2024 )

Forbidden Zone ( 2023 ) 5.8
Forbidden Zone ( 2023 ) ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့ အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ် ရတနာကိုကာကွယ်ဖို့အတွက် သင်တန်းသားတွေကို စွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ်ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင် ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့ အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ်စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားက အဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့် သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူ ဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ်ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလို လူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လား တိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကို လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

Forbidden Zone ( 2023 )