Channel Myanmar

Féodor Atkine

Vincent & Theo (1990) 7.0
Vincent & Theo (1990) Vincent And Theo (1990) ၁၉ရာစုဝန်းကျင်မှာ ပေါ်ပောက်ခဲ့တဲ့ သမိုင်းရဲ့ လူသိအများဆုံး ပန်းချီဆရာ ပန်းခ်ျီကို ရူးသွပ်ကြသူတိုင်း ချစ်မြတ်ကြတဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအ‌ကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဆိုတာလည်း မနည်းတော့ပါဘူး။ CMမှာတင် လေးငါးကား တင်ဆက်ပြီးပါပြီ... ဗင်းဆင့်ကား အများစုဟာ ဗင်းဆင့်ရဲ့ ဒုက္ခတွေကိုပဲ ပြသွားတာများပေမယ့် ဒီ ကားမှာတော့ (မသေခင်မအောင်မြင်ခဲ့ တစ်ပြားမှမရခဲ့တဲ့ ပန်းချီကားတွေဟာ သေလွန်ဆုံးပါးပြီးတဲ့နောက် တစ်ကား ၆၆သန်းအထိရခဲ့တဲ့ အောင်မြင်မှုရဲ့နောက်ကွယ်က ဗင်းဆင့်အပေါ် ဗင်းဆင့်ရဲ့ညီ သီအိုဗန်ဂိုးရဲ့အနစ်နာခံခဲ့မှုတွေကို ဒီရုပ်ရှင်မှာတော့ သေချာပြသသွားပါတယ်။) "ဘယ်နေရာမဆို တစ်ဖက်စွန်းရောက်ရင် တစ်ယောက်တော့ နစ်နာရစမြဲ"ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ စာသားကလေးလိုပါပဲ။ အနုပညာကို တစ်ဖက်စွန်းရောက်ရူးသွပ်လွန်းတဲ့ ဗင်းဆင့်အတွက် နစ်နာရတဲ့လူတစ်ယောက်ရှိခဲ့တယ်ဆိုရင် အဲ့ဒီလူက သီအိုပါပဲ။ ဒီကားမှာ ဗင်းဆင့်အကြောင်းပြောရင် မပါမဖြစ်တဲ့လူတွေဖြစ်တဲ့ ပန်းချီဆရာ ပေါဂေါ်ဂင်တို့ ဒေါက်တာဂါးချက်တို့နဲ့ ဗင်းဆင့်ဆက်ဆံရေးကို လက်တွေ့ဆန်ဆန်ပြထားသလို... ဗင်းဆင့်ရဲ့ နာမည်ကျော်အကြောင်းအရာတွေဖြစ်တဲ့ ပြည့်တန်ဆာမကိုကြိုက်တာတွေ နားရွက်ဖြတ်တာတွေ စိတ်ကျန်းမာရေးဆေးရုံသွားရတာတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးပြထားပါသေးတယ်။ သီအိုရဲ့ အလုပ်ဖြစ်တဲ့ ထိုခေတ်ထိုအခါက ပန်းချီကား ရောင်းဝယ်မှုအကြောင်းကိုလည်း ...
7.0
IMDB: 7.0/10 3,399 votes
movie

Vincent & Theo (1990)

1990
Ronin (1998) 7.3
Ronin (1998) Ronin(1998) IMDb...7.3/10,,,,Rotten.,.67% Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
7.3
IMDB: 7.3/10 167,889 votes
movie

Ronin (1998)

1998
Blu-Ray 720p
Ernest & Celestine(2012) 7.9
Ernest & Celestine(2012) Ernest and Celestine ( 2012 ) ဇာတ်လမ်းအညွှန်း ≡≡≡≡≡≡≡≡≡ တခါတုန်းက ဝက်ဝံတွေနဲ့ ကြွက်လေးတွေ နေထိုင်တဲ့မြို့လေးတမြို့ရှိတယ် ။ ဒါပေမယ့် အတူယှဉ်တွဲနေထိုင်ကြတာတော့မဟုတ်ခဲ့ဘူး။ ဝက်ဝံတွေဟာလည်း ကြွက်တွေကိုကြောက်ကြတယ် ကြွက်တွေဟာလည်းဝက်ဝံတွေကိုကြောက်ကြတယ်။ ဒါ့ကြောင့် ဝက်ဝံတွေ က မြေပြင်ပေါ်မှာနေထိုင်ပြီးကြွက်တွေဟာမြေအောက်မှာနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ ကြွက်မလေးတစ်ကောင်ဟာ အပြစ်ပေးခံရတဲ့အတွက် သွားတွေရှာဖို့ မြေပေါ်တက်လာရင်း အန္တရာယ်တွေကြားထဲမှာ ဝက်ဝံတကောင်နဲ့တွေ့ခဲ့တယ်။ ဝက်ဝံဟာလည်း ဒုက္ခတွေခံစားနေရတဲ့သူဖြစ်တယ်။ ဒီလိုတွေ့ဆုံရာကနေ တစ်ယောက်ကိုတစ်ယောက်ကူညီရင်း ဖြစ်လာတဲ့ပြသနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ။ တစ်ကောင်နဲ့တစ်ကောင် ကြောက်ရွံ့နေကြတဲ့ ဒီမျိုးနွယ်နှစ်ခုက သူတို့နှစ်ယောက်ကြောင့် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို တော့ဒီဇာတ်ကားလေးကိုဆက်လက်ကြည့်ရင်း ခံစားလိုက်ပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုအောင်မျိုးသက်ပါ. File Size…(789MB) and (221MB) Quality… 720p Format…mp4 Duration…01:20:00 Subtitle by Aung Myo Thet Encoder...Phyo Pyae
7.9
IMDB: 7.9/10 13,937 votes
movie

Ernest & Celestine(2012)

2012