Channel Myanmar

Ferenc Elek

Semmelweis (2023) 7
Semmelweis (2023) Semmelweis (2023)ကျွန်တော်တို့ ဆေးပညာသမိုင်းစာမျက်နှာကို လှန်ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်က သမားတော်တွေ ဆရာဝန်တွေဆိုတာ လူနာကိုအလယ်မှာထားလို့ ရောဂါပိုးတွေရော ရောဂါအမျိုးမျိုးနဲ့ပါ လွန်ဆွဲတိုက်ခိုက်နေကြရတာပါ။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ကုသနည်းတွေနဲ့အတူ ရောဂါဆန်းတွေလည်း တစ်ခုပြီးတစ်ခုမြင်နေရတယ်ဆိုပေမဲ့ အသစ်အသစ်ရှာတွေ့လာတဲ့ကုသမှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ အားစိုက်ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့လိုက်သင့်ပါဘူး။ အခုဒီနေ့မှာ တင်ဆက်ပေးချင်တာတော့ တစ်ချိန်က မိခင်တွေရဲ့ကယ်တင်ရှင် Miracle Worker ရယ်လို့ တင်စားခဲ့ကြတဲ့ ဒေါက်တာအစ်ဂ်နက်ဆမ်မယ်ဝိုက်စ်ရဲ့Biography Dramaလေးပဲဖြစ်ပါတယ်။ဗီအန်နာမြို့ရဲ့ အကောင်းဆုံးဆေးခန်းမှာအလုပ်လုပ်ဖို့က အဲဒီခေတ်အဲဒီအချိန်က ဗီအန်နာမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးရဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီဆေးခန်းက မီးဖွားမယ့်မိခင်တွေအတွက်တော့ သေမင်းဆေးရုံကြီးလို့ ခေါ်ရတဲ့အထိ အဝင်ပဲရှိ ထွက်လမ်းမရှိလို့ သမုတ်ရတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သေမင်းတံခါးဝပေါ့။ ဒီဆေးရုံမှာမွေးမယ့်အစား လမ်းဘေးမှာပဲမွေးပစ်လိုက်ရရင်တောင် ကောင်းသေးတယ်ဆိုတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။‌ဒီလိုနဲ့ သေမင်းဆေးရုံကြီးကို သားဖွားဆရာမကောလိပ်က သားဖွားဆရာမ သူနာပြုတစ်ယောက် အလုပ်လာလျှောက်ရာကနေ ဒေါက်တာဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ဆေးခန်းတစ်ခုတည်းမှာဖြစ်နေတယ်ဆိုတာ ဒီကပ်ဆိုက်နေတယ်ဆိုတာ ဒီဆေးခန်းမှာပဲ ထိန်းမရသိမ်းမရဖြစ်နေတာကို သိသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးအလုပ်လာဆင်းတဲ့ သားဖွားဆရာမကောလိပ်က သူနာပြုက မီးဖွားထားတဲ့မိခင်တွေ အဖျားတက်ပြီး သူ့ရှေ့တင်ဆုံးသွားတာကို မျက်မြင် မြင်လိုက်ရပြီး ...
movie

Semmelweis (2023)

2023
Háromezer számozott darab(Three Thousand Numbered Pieces) (2022) 6.6
Háromezer számozott darab(Three Thousand Numbered Pieces) (2022)  အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ ...
movie

Háromezer számozott darab(Three Thousand Numbered Pieces) (2022)