Channel Myanmar

Fergal McElherron

Summerland(2020) 7.0
Summerland(2020) Summerland(2020)******************ဒုတိယကမ္ဘာစစ်တုန်းက စစ်ထွက်တိုက်ပေးရတဲ့ဖခင်တွေနဲ့ အစိုးရရုံးမှာအလုပ်လုပ်ပေးရဲ့မိခင်တွေဟာသားသမီးတွေကို ဂရုစိုက်ဖို့အချိန်လည်း မပေးနိုင်ကြသလို၊ လုံခြုံမှုလည်း ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့သားသမီးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေမှာ လုံလုံခြုံခြုံနေထိုင်၊ပညာသင်နိုင်ဖို့ဆိုပြီး လူမှုကူညီရေးအသင်းတွေပေါ်လာပါတယ်။ သားသမီးမရှိတဲ့ အဘိုးကြီးအဘွားကြီးတွေ၊ အားလပ်သူတွေက တစ်နိုင်တစ်ပိုင် တာဝန်ယူစောင့်ရှောက်ပေးကြတာပေ့ါ။ အဲ့အထဲမှာမှ လူ့ဂွစာအမျိုးသမီးကြီးတစ်ယောက်က ကောင်ကလေးတစ်ယောက်ကိုစောင့်ရှောက်တာဝန်ယူပေးဖို့ဖြစ်လာပါတယ်။ ဒီအမျိုးသမီးကြီးဟာ အိမ်ထောင်လည်းမရှိ၊ တကုပ်ကုပ်နဲ့သာ စာရေးနေတတ်သူဖြစ်ပြီး ဆက်ဆံရေးလည်းမကောင်းလို့ ပတ်ဝန်းကျင်ကပါရှောင်ဖယ်ခံနေရသူပါ။ သူ့ဆီကိုကောင်လေးတစ်ယောက်လာနေရမယ်ဆိုတော့ မြို့ထဲကလူမှန်သမျှကကောင်လေးကို ဝိုင်းသနားကြပါလေရော။ လူ့ဂွစာအမျိုးသမီးကြီးကလည်း သူချစ်ခဲ့ဖူးတဲ့အမျိုးသမီးကပစ်ထားခဲ့တာကြောင့် အသဲကွဲကာတစ်ယောက်တည်းနေရတာကိုပဲခုံမင်နေခဲ့သူပါ။ အခုသူ့ဆီကို ကောင်လေးတစ်ယောက်လာနေမယ်ဆိုတော့ လက်မခံချင်ဘဲ ပထုတ်ဖို့သာကြံပါတော့တယ်၊ ဇာတ်လမ်းလေးထဲမှာ lesbianတို့ရဲ့အချစ်၊ လူ့ဂွစာအပျိုကြီးနဲ့ ကောင်ကလေးတို့အကြားကမေတ္တာတရားလေးတွေကို မြင်တွေ့ရမယ့်ကားလေးပဲဖြစ်ပါတယ်။File Size : (1.7GB) and (610MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Drama, Romance , War Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae 
movie

Summerland(2020)