Channel Myanmar

Feridun Koç

Anons (2017) 6.7
Anons (2017) Anons (2017) =========== IMDb Rating - 6.7/10တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာတွေ တော်တော် ရှိခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်က စစ်တပ်ကနေပြီးတော့ တူရကီနိုင်ငံအစိုးရဆီကနေ နိုင်ငံအာဏာ သိမ်းဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့စတာပေါ့။ ဒါပေမယ့် တခြား နိုင်ငံရေး၊ စစ်ရေးတွေထက် ဒီထဲမှာ တူရကီစစ်တပ်က စစ်ဗိုလ် လေးယောက် အဲ့အာဏာသိမ်းဖို့လုပ်မယ့်အကြောင်းကို တူရကီရဲ့ ရေဒီယိုအစ္စတန်ဘူလ်ဆိုတဲ့အသံလွှင့်ဌာနကနေလွှင့်ကြေညာဖို့ အတွက် ညလုံးပေါက်ခရီးသွားကြတာကိုပဲ Black Comedy ဆန် ဆန်၊ Satire သဘောဆန်ဆန်ရိုက်ထားတာပါ။ရုပ်ရှင်အစကနေအဆုံးထိ အဲ့အကြောင်းပဲဆိုတော့ စစချင်းပျင်းဖို့ ကောင်းမယ်ထင်ရပေမယ့်လို့ သူတို့လေးယောက်သွားရတာက အဆင်ချောမနေဘဲ ကိစ္စအဖုံဖုံပေါ်ပေါပြီး ပြဿနာတွေတက်နေရ တာကိုကြည့်နေရင်းနဲ့စိတ်ဝင်စားဖို့ကောင်းပြီးဆက်ကြည့်ချင်စိတ် ဖြစ်မိမှာပါ။ နောက်ဆုံးဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Anons (Announcement) ကားကိုပဲဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.0 GB) / (275 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Fiona Gillen Encoder..........SWM
movie

Anons (2017)

2017
Head-On (2004)
Head-On (2004) Head-On 2004===========#UnicodeIMDb 8/10တူရကီနွယ်ဖွား ဒါရိုက်တာ Fatih Akin ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဒီကားက Goden Bear, European Film Award For Best Film အပါအဝင် ဆုပေါင်း ၁၁ ခုကို ဆွတ်ခူးခဲ့တဲ့ကားပါ။ လူတွေက အချစ်ကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိလေ့ရှိကြပါတယ်။ ဂျာဟစ်(ကာဟစ်) နဲ့ ဆီဘယ်တို့ တွေ့ဆုံရပုံက အမှတ်မထင် တွေ့ဆုံမှုမျိုးပါ။ ကိုယ့်ကိုယ်ကိုသတ်သေကြလို့ ဆေးရုံရောက်သွားရင်းတွေ့ခဲ့ကြတာပေါ့။ ပြောရရင် ဂျာဟစ်က တွေ့တာမဟုတ်ပဲ ဆီဘယ်က စပြီး သတိထားမိသွားတာ။ ဂျာဟစ် (ကာဟစ်) တွမ်ရွတ်ခ်ဆိုတဲ့ နာမည်ကြားတော့ ဆီဘယ်တစ်ယောက်အရမ်းပျော်သွားပါတယ်။ အဲ့ဒီနောက် လက်ထပ်ဖို့ကိုလည်း ဆီဘယ်ကပဲ ဂျာဟစ်ကို ချက်ချင်းဆိုသလို တောင်းဆိုခဲ့ပါတယ်။ ဂျာဟစ်ကို ချစ်လို့တော့မဟုတ်ပါဘူး ဂျာဟစ်က တူရကီဖြစ်နေလို့ပါပဲ။ ဂျာဟစ်လို ဂလေဂချေ ပုလင်းခွံတွေ လိုက်ကောက်ပေးရတဲ့သူနဲ့ ဘယ်သူက လက်ထပ်ချင်မှာလဲ။ ...
movie

Head-On (2004)

2004