Channel Myanmar

Finn Watson

You’ll Never Find Me (2023) 5.9
You’ll Never Find Me (2023)  ၂၀၂၃ ခုနှစ်မှာထွက်ရှိထားတဲ့ Australian ရုပ်ရှင်You'll Never Find Me နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Indianna Bell နဲ့ Josiah Allen တို့ကရိုက်ကူးပေးထားပြီး Horror ၊ Thriller နဲ့ Mysteryအမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။တစ်ကားလုံးမှာ ဇာတ်ကောင်နှစ်ဦးတည်းသာပါဝင်ပြီးBrendan Rock နဲ့ Jordan Cowan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေရာတစ်ခုတည်းမှာဇာတ်ကောင်နှစ်ခုကြားလွန်ဆွဲနေတဲ့သံသယတွေ၊ခြောက်ခြားမှုတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင်ရိုက်ကူးတင်ဆက်ထားပြီး ကုန်ကျစရိတ်အနည်းဆုံးအသုံးပြုထားတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************နောက်တွဲလူနေယာဉ်တစ်ခုပေါ်မှာနေထိုင်တဲ့လူတစ်ယောက်ဆီကို မုန်တိုင်းသည်းနေတဲ့အချိန်မှာအမျိုးသမီးတစ်ဦးကတံခါးလာခေါက်ပြီး အကူအညီတောင်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။မုန်တိုင်းကပိုသည်းလာတာနဲ့အမျှ နောက်တွဲယာဉ်ပေါ်ကလူနှစ်ဦးဟာ အန္တရာယ်ကိုခံစားမိလာပြီး သံသယစိတ်တွေနဲ့တစ်ဦးကိုတစ်ဦး ကြောက်ရွံ့လာကြပါတယ်။ တကယ်တမ်းဘယ်သူကဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.11GB / 415MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

You’ll Never Find Me (2023)