Channel Myanmar
Fiona Glascott
Resident Evil (2002)
Resident Evil (2002)  ဒီဇာတ်ကားက Resident Evil franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်ပြီး IMDbမှာ မဆိုးခဲ့​ပေမဲ့ RTမှာ​တော့ မူရင်းဂိမ်းနဲ့ကွဲပြား​နေတဲ့ Main character အဖြစ် Alice ဆိုတဲ့ ဇာတ်​ကောင်ကို သုံးထားတဲ့ အပြင် ဂိမ်းနဲ့ကွဲလွဲမှုများစွာ ရှိ​နေတဲ့အတွက် ratingအ​​တော်နည်းတဲ့ ဇာတ်ကားတစ်ခု ဖြစ်​နေခဲ့တာပါ။ ဒါ​ပေမဲ့ အက်ရှင်ကား​​တွေ ကြိုက် တဲ့ လူ​တွေအတွက် RE live action ကား​ဟာ မဆိုးလှတဲ့ အက်ရှင် ပြကွက်​​တွေ​၊ သည်းထိပ်ရင်ဖိုစရာ​တွေရဲ့ အ​တော်ကြည့်​ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဆိုလည်း မမှားပါဘူး။ဒီဇာတ်ကားမှာ REမှာ အဓိကအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ အမ်ဘရဲလား ​ကော်ပို​ရေးရှင်းရဲ့ Hiveလို့​ခေါ်တဲ့ ​မြေ​အောက်ဓါတ်ခွဲခန်းကြီးတစ်ခု အ​ကြောင်း မိတ်ဆက်​ထားပါတယ်။ အဲဒီဓါတ်ခွဲခန်းထဲမှာ ပိုးပျံ့နှံ့မှု တစ်ခု ဖြစ်ခဲ့လို့ သူ့ရဲ့ကာကွယ်​ရေးAiက အဲဒီမှာရှိ​နေတဲ့ လူတိုင်းကို သတ်ပစ်ခဲ့ပါတယ်။ Aliceက Hiveကိုဝင်တဲ့ ​မြေ​ပေါ်ဝင်​ပေါက်ကို ​စောင့်ကြည့်ရတဲ့ အမ်ဘရဲလားဝန်ထမ်းပါ။ ဒီကိစ္စ​တွေ ဖြစ်​နေချိန် သူက အ​ကြောင်းတစုံတရာ​ကြောင့် ​မေ့လဲ​နေခဲ့ပြီး သတိရလာချိန် အတိတ်​မေ့သလို ဖြစ်​နေခဲ့တာပါ။ Hiveထဲကိုဝင်ပြီး ကာကွယ်​ရေး စနစ်ကို ပိတ်ချပစ်ဖို့ အမ်ဘရဲလားက လွှတ်လိုက်တဲ့ ...
movie
Resident Evil (2002)
4K HEVC
Fantastic Beasts: The Secrets of Dumbledore 6.3
Fantastic Beasts: The Secrets of Dumbledore        Fantastic Beasts: The Secrets of Dumbledore (2022) ==================================== IMDb Rating - 6.5/10Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး....(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL ...
movie
Fantastic Beasts: The Secrets of Dumbledore
2022
4K HEVC Web-DL
A Serial Killer’s Guide to Life (2019) 4.6
A Serial Killer’s Guide to Life (2019) Thirller,adventure ကားအမျိုးအစားပါမြို့ငယ်လေးတမြို့မှာနေတဲ့ လူအိစ် ကဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့အမေဖြစ်သူရဲ့စေခိုင်းမှုအောက်မှာ စိတ်ပျက်နေသူပါသူကဘဝနေထိုင်ရေးအကြံပေးစာအုပ် စီဒီ မှန်သမျှကို နားထောင်ပြီးတော့လိုက်လုပ်တဲ့သူပေါ့ တစ်နေ့မှာတော့သူဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်း ပေးနိုင်မယ်လို့ထင်တဲ့သူရဲ့ဘဝလမ်းညွှန်သူ အသိအကျွမ်းတစ်ယောက်နဲ့အတူမွန်းကြပ်နေတာတွေရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ ခရီးတစ်ခု ထွက်ခဲ့ပါတယ်ဇာတ်ကားနာမည်အတိုင်း ဘဝအကြံပေးသူအမျိုးသမီးက စိတ်ဖောက်ပြန်နေတဲ့ လူသတ်သမား ဖြစ်နေလို့နေပါတယ်..............စိတ်ဖောက်ပြန်နေတဲ့သူနဲ့ ဘဝကိုစိတ်ကုန်ပြီးဘဝအသစ်တစ်ခုကိုစမ်းသပ်ချင်နေတဲ့သူနဲ့ တွေ့မိတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် File Size : ( 755 MB , 366 MB )Quality : WEB-DL 720pRunning Time : 1 hr 21 minFormat : Mp4Genre : Adventure , Comedy , CrimeSubtitle : ...
movie
A Serial Killer’s Guide to Life (2019)
Fantastic Beasts: The Crimes of Grindelwald (2018) 6.6
Fantastic Beasts: The Crimes of Grindelwald (2018) Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36%   2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ ...
movie
Fantastic Beasts: The Crimes of Grindelwald (2018)
2018
Brooklyn (2015) 7.5
movie
Brooklyn (2015)
The Siege of Jadotville (2016) 7.2
The Siege of Jadotville (2016) The Siege of Jadotville (2016)IMDb - 7.2/10_____Rotten - 64%  (UNICODE)The Siege of Jadotville ---------------- "ကျုပ်အထင်ကတော့ ကျုပ်တို့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့လာခဲ့တဲ့ တပတ်မပြည့်ခင်ဘဲ ကျုပ်တို့တစ်တပ်လုံးသေတော့မယ်ထင်တာဘဲဗျို့" ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပြီ။ ရာစုနှစ်တစ်ခုရဲ့ တစ်ဝက်မကျိုးခင်မှာဘဲ လူသန်းပေါင်းများစွာဟာ ကမ္ဘာစစ်နှစ်ခုနဲ့အတူ ချုပ်ငြိမ်းသွားခဲ့ကြပါပြီ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးပြီး ၅၂ ရက်တိတိ အကြာမှာ အနာဂတ်မှာ ကမ္ဘာစစ်တွေကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းအကြီးကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးမှုနဲ့အတူ စစ်တွင်းကတည်းက ဒါမှမဟုတ် စစ်ကြီးမတိုင်ခင်ကတည်းက ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ တိုင်းပြည်တွေဟာလည်း ကိုလိုနီနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးစားနေကြပါတယ်။ စစ်ကြီးပြီးဆုံးပြီး ၁၅ နှစ်နည်းပါးကြာမြင့်လာသည့်တိုင် ကမ္ဘာကြီးရဲ့ တချို့နေရာတွေဟာ စစ်တွင်းမှာဘဲ ဆုံးဆုံးနှစ်လို့ ကောင်းနေပါသေးတယ်။ အမေရိကတိုက်မှာဆိုရင် ကျူးဘားတော်လှန်ရေးကြီးဟာ ၁၉၆၀ အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းလာခဲ့ပြီး ...
movie
The Siege of Jadotville (2016)
2016