Channel Myanmar

Fiorella Campanella

The Diving Bell and the Butterfly (2007) Le scaphandre et le papillon 8.0
The Diving Bell and the Butterfly (2007) Le scaphandre et le papillon The Diving Bell and the Butterfly (2007)ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက်တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက်လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက်စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့်သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့The Diving Bell and the Butterflyဆိုတဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးလေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက်အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ File size…      2.8 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ..... ...
movie

The Diving Bell and the Butterfly (2007) Le scaphandre et le papillon

Let’s Dance (2019) 5.9
Let’s Dance (2019) Let’s dacnce (2019) (French) IMDB Rating :: 5.9/10 Let’s Dance ဆိုတဲ့နာမည်ကို မြင်လိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေရဲ့ စိတ်ထဲမှာ Step Up, The Streets, Battle, Feel the Beat စတဲ့ရုပ်ရှင်တွေကို ရုတ်တရက်ပြေးသတိရမိမှာ အသေအချာပါပဲ။ ဟုတ်ပါတယ် ..... ဒီရုပ်ရှင်ဟာ လည်း ရှေ့က ပြောခဲ့တဲ့ရုပ်ရှင်တွေလိုပဲ Comedy Musical Romance Drama ရုပ်ရှင်တစ်ကားပါ။ ဒါပေမယ့် Let’s Dance(2019)ရဲ့ ထူးခြားချက်ကတော့ ပြင်သစ်သရုပ်ဆောင်များနှင့်ပြင်သစ်စကားပြော ရုပ်ရှင်တစ်ကားဖြစ်ခြင်း၊ ပိုမိုရုပ်ရှင်ဆန်တဲ့အရောင်အသွေးများရှိခြင်း၊ ပြင်သစ်အနုပညာရဲ့အစိပ်အပိုင်းထဲက တခုဖြစ်တဲ့ Balletအက၊ ရှည်လျားပြီးသဘာ၀ကျတဲ့ စကားပြောများ၊ သေချာရွေးချယ် အသုံးပြုထားတဲ့ နောက်ခံတေးဂီတ စတာတွေပဲဖြစ်ပါတယ်။ ဂျိုးဇက်၊ အမ်မာနဲ့ အာရင်တို့ဟာ Hip Hop အကပြိုင်ပွဲတခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပဲရစ်မြို့ကိုလာခဲ့ကြ သူတွေပါ။ ဂျိုးဇက်နဲ့ အမ်မာနဲ့ဟာ ချစ်သူတွေဖြစ်ကြပြီး အာရင်ကတော့ဂျိုးဇက်ရဲ့ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပါတယ်။ အမ်မာရဲ့အဆက်အသွယ်နဲ့ သူတို့လာခဲ့ကြတာဖြစ်ပြီး သူမရဲ့အဆက်အသွယ် ယူအီ ကတော့ အမ်မာ တယောက်တည်းကိုသာပဲ အထူးအခွင့်အရေးတွေပေးချင်တဲ့ နာမည်ရအမျိုးသားကချေသည်တစ်ဦးပါ။ Hip Hop Dance ...
movie

Let’s Dance (2019)

2019