Channel Myanmar

Fleur Geffrier

Remi, Nobody’s Boy (2019) 7.0
Remi, Nobody’s Boy (2019)  ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲကတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသားဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody's Boy ဖြစ်ပြီးဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲမွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကိုမကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာမာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီးတိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီကနေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာတွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီးနောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။  File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ..... Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Remi, Nobody’s Boy (2019)

Elle (2016) 7.2
Elle (2016)  " ငါ မုဒိန်းကျင်ခံလိုက်ရတယ် ဘာ... နင် ရဲကိုအကြောင်းကြားပြီးသွားပြီလား ဘာလို့  အကြောင်းကြားရမှာလဲ "ရုပ်ရှင်ဝေဖန်ရေးလောကမှာ လေးစားမှုအများ ဆုံးရယူထားနိုင်ခဲ့သောအနုပညာ ဖန်တီးမှုဒီဇာတ်ကား ရဲ့  အမျိုးအစားက Crime ၊ Drama Thriller ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိ ထားခဲ့ပြီးတော့ တစ်ကား ကြာချိန် ၁၃၀ မိနစ် ရှိပါတယ်။ IMDb Rating 7.2 ၊Rotten Tomatoes average rating 8/10 ၊ Metacritic 89/100 ရရှိထားပါတယ်။ ဘာလို့  ဒီလောက် Rating တွေမြင့်နေရတာလဲ ဆိုတာကိုဇာတ်ကားကြည့်ပြီးမှ ဝေဖန်လိုက်ပါ။ ဒီဇာတ်ကား က ပြင်သစ်စကားပြော ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားက Phillippe Djian ရဲ့  Oh ဆိုတယ့် ၀တ္တုကို ပြန်လည်ရိုက်ကူးထားတယ့် ကားပါ။ ဒီဝတ္တုက ၂၀၁၂ ခုနှစ်ကထွက်ရှိထားပြီး အမျိုးသားစာပေဆုကိုရရှိခဲ့တယ့် ၀တ္ထုပါ။ ၀တ္တု မှာကတည်းက အရှိန်အ၀ါကြီးခဲ့တာပါ။ ဒီဝတ္တု ကို ဒါရိုက်တာ Paul ...
movie

Elle (2016)

2016