Channel Myanmar

Flor Eduarda Gurrola

Nothing to see (Nada Que Ver) – (2023)
Nothing to see (Nada Que Ver) – (2023)  Maxico ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ "ဘာမှမမြင်ရဘူး" ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ပိုလာ ဆိုတဲ့ သူဌေးသမီး မိန်းမချောလေးရဲ့ ရုတ်တရက်မျက်စိကွယ်သွားတာကနေစတာပေါ့နော်သူနာပြုအလုပ်နဲ့အသက်မွေးဝမ်းကြောင်းနေတဲ့ ကားလို့စ် ဟာ လောင်းကစားမက်တဲ့သူတစ်ယောက်ပေါ့မတူညီတဲ့ ဘဝနှစ်ခုနဲ့ရှင်သန်နေကြတဲ့ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကနေ လောကကြီးကိုစိတ်ကုန်၊ ကြေကွဲအထီးကျန်ပြီး လူတွေကို ကန့်လန့်တိုက်နေတဲ့ ကောင်မလေးကို အပြန်အလှန်လေးစားမှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့၊ လောကကြီးမှာ ပျော်ပျော်နေတတ်ဖို့ ပြုစုသင်ကြားပေးရင်နဲ့ မေတ္တာနှောင်ကြိုးလေးတွေ တွယ်ငြိသွားရတဲ့ ဇာတ်အိမ်ကလေးကို ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်.........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Nothing to see (Nada Que Ver) – (2023)

Hurricane Season (2023) 6.0
Hurricane Season (2023)  Hurricane Season ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် Netflix ကထုတ်လုပ်ခဲ့တဲ့ Mexican ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့လည်းသရုပ်ဆောင်တာတွေက သဘာဝကျလွန်းလို့ ရုပ်ရှင်တစ်ကားဆိုတာကိုတောင် မေ့နေမှာ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အဓိကကျောရိုးလေးကတော့ နယ်မြို့လေးတစ်မြို့မှာတည်ထားတာဖြစ်ပါတယ်။ အဲ့မြို့မှာ စုန်းမကြီးလို့ လူတွေက ခေါ်ကြတဲ့Gay တစ်ယောက်ရှိပြီး ထုံးစံအတိုင်း သူ့အကြောင်း သွားပုပ်လေလွင့်တွေကအများကြီးပေါ့။ အဲ့ဒါကိုမှ အဲ့ gay နဲ့ ပတ်သက်နေတဲ့ လူငယ်တစ်ယောက်နဲ့သူ့ရဲ့မိသားစုအကြောင်းတွေကို ထိထိမိမိ ကိုယ်တိုင်ဝင်ရောက်ခံစားရသလိုရိုက်ကူးပြထားပါတယ်။ တစ်ရက်တော့ အဲ့ဒီ နာမည်ပျက်နေတဲ့ စုန်းမလို့ခေါ်တဲ့gay ရဲ့အလောင်းကို တွေ့လိုက်ရတဲ့အခါ အဲ့ဒါရဲ့ နောက်ကွယ်က ဘယ်လိုဇာတ်လမ်းတွေ အကြောင်းရင်းတွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာmystery ဆန်ဆန် ကြည့်ရှုရမဲ့ mexico ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်  File size…1.35GB / 999MB Quality…NF WEB-DL 1080p   720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar ...
movie

Hurricane Season (2023)

Que viva Mexico( 2023 ) 6.7
Que viva Mexico( 2023 ) Que viva Mexico( 2023 )***********************Pancho ဆိုတဲ့လူက စက်ရုံတစ်ခုမှာ ရာထူးခပ်မြင့်မြင့်နဲ့လူပေါ့ သူဌေးနဲ့ကလည်းပနံသင့်တယ်ပေါ့...တစ်နေ့မှာတော့ သူ့မွေးရပ်မြေက အဖေက သူ့အဖိုးဆုံးသွားတဲ့အကြောင်းရယ် သူ့အဖိုးကသူရှိမှ သေတမ်းစာဖတ်ခိုင်းတဲ့အကြောင်းရယ်ကို ဖုန်းလှမ်းဆက်ပါတော့တယ်... အစကတော့ မသွားမလို့လုပ်နေပေမယ့် အိပ်မက်တစ်ခုမက်ခဲ့လို့ သွားဖို့ဖြစ်လာပါတယ်။ဒါကြောင့် သူ့သူဌေးကို ခွင့်တောင်းပြီး မွေးရပ်မြေကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ဆုံးသွားတဲ့ သူ့အဖိုးက သူတို့မိသားစုအတွက် ဘယ်လို အမွေတွေ ခွဲထားခဲ့လဲဆိုတာကြည့်ကြရမှာပါ...အမွေတွေက မမျှမတခွဲထားကြတဲ့အပြင် မိသားစုဝင်တွေကလည်းများတာမို့ တစ်ဦးကို တစ်ဦးမကျေနပ်ကြပဲ အမွေလုကြပါတယ်...အမွေလုကြပေမယ့် စိတ်ဆင်းရဲစရာမပါပဲ ပေါ့ပေါ့ပါးပါး ဟာလေးတွေ ထည့်သွင်းထားတာမို့ပေါ့ပေါ့းပါးပါးကြည့်လို့ရပါတယ်...အမွေဆိုတာ ထိုက်မှရတာမို့ မိသားစုထဲက ဘယ်သူနဲ့ထိုက်လဲ ဆိုတာအခွီတစ်သိန်းနဲ့ ကြည့်လိုက်ပါဦး.... File Size :(4.5GB) &(1.6GB) Quality : ‌WEB-DL 1080P5.1Ch,720P Format…mp4 Duration…03:11:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated  Eric Encoded by Phyo Pyae
movie

Que viva Mexico( 2023 )

Collateral Damage (2022) 5.5
Collateral Damage (2022)    မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie

Collateral Damage (2022)

Book of Love (2022)
Book of Love (2022) အချစ်၀တ္ထုလေးတစ်ပုဒ်လောက် ဖတ်လိုက်ကြဦးစို့ ....ဒီတော့ အချစ်ဆိုတာ ဘာလဲ .... အနက်ဖွင့်ရရင်တော့ တစ်ထောင့်တစ်ညပုံပြင်တွေထက်ရှည်သွားမယ်ထင်တယ် .... သီချင်းလေးထဲကအတိုင်းဆိုရင်တော့ အချစ်ဟာအဖြေရှာမရတဲ့ ပုစ္ဆာပေါ့ .... အချစ်နဲ့အတူ ရမ္မက်တွေ၊ တဏှာတွေ၊ မက်မောမှုတွေဒွန်တွဲနေတာကိုလည်း ဘယ်သူမှ ငြင်းဆန်လို့ ရမယ်မထင်ပါဘူး ......သိုပေမဲ့ အချစ်ဆိုတာ သိပ်ကို ရိုးရှင်းတဲ့အရာလို့ လက်ခံချင်နေသေးတဲ့ လူ့ဂွစာစာရေးဆရာကြီးတစ်ယောက် ရှိပါရဲ့.... သူ့နာမည်ကတော့ ဟန်နရီ ကော့ပါးပါ။အောင်မြင်ချက်ကတော့ ထွက်ထားတာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ စာအုပ်ဟာ ၆ လအတွင်းမှာ၀ယ်ယူသူက ၂ ယောက်၊ တစ်ယောက်က ကိုယ်တိုင်။ အဲသည်လိုကို ပေါက်စာရင်း၀င်တဲ့အာဂ အချစ်၀တ္ထုကြီး တစ်အုပ်ပါ။ တစ်နေ့တော့ သူ့ရဲ့ ထုတ်ဝေသူက ဟန်နရီ့ကိုဆက်သွယ်လာပြီး သူ့ရဲ့ အင်္ဂလန်မှာ မပေါက်တဲ့ စာအုပ်ဟာ မက္ကဆီကိုမှာတော့စပိန်ဘာသာပြန်နဲ့ ရှိသမျှစာရင်း ထိပ်ဆုံး ရောက်လောက်အောင်၀က်၀က်ကွဲအောင်မြင်နေလေရဲ့ ... ဒီတော့ ကံအလှည့်အပြောင်းနဲ့ ကြုံလာသူစာရေးဆရာကြီးတို့ ...
movie

Book of Love (2022)