Channel Myanmar

Flora Thiemann

The Hunger Games: The Ballad of Songbirds & Snakes (2023) 7.2
The Hunger Games: The Ballad of Songbirds & Snakes (2023)  နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games ...
movie

The Hunger Games: The Ballad of Songbirds & Snakes (2023)

4K HEVC
The Aftermath (2019) 6.3
The Aftermath (2019) The Aftermath (2019)Aftermath ဆိုတာ စစ်ပြီးစ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ မိသားစုတွေဆုံးရှုံးရတယ်... နာကျင်ခံစားရတယ်... ချစ်တဲ့သူတွေနဲ့ ခွဲခွာကြရတယ်... အစစအရာရာကို ပြန်လည်တည်ဆောက်ဆဲကာလတစ်ခုပဲ။လူးဝစ်က မဟာမိတ်အဖွဲ့က ကာနယ်တစ်ယောက် ။ စစ်ကြီးပြီးတော့ ဂျာမနီကို လာအုပ်ချုပ်တဲ့အချိန်မှာ သူ့ဇနီးရေချယ်ကိုပါ ခေါ်လာခဲ့တယ်။ သူတို့နေရမယ့်အိမ်က ဂျာမနီလူမျိုး ပညာတတ်တစ်ယောက်ရဲ့အိမ်မှာ... စစ်ကြီးပြီးတော့ နိုင်သူအကုန်မှန်ပေါ့။ ဒါပေမဲ့ လူးဝစ်က ဖြောင့်မတ်ပြီး လူကြီးလူကောင်းပီသတဲ့သူတစ်ယောက်။ အိမ်ရှင် မစ္စတာလူးဘတ်ကိုလည်း လေးလေးစားစားဆက်ဆံတယ်။ ဂျာမန်လူမျိုးတွေအပေါ်လည်း အနိုင်မကျင့်ပဲ ညှာတာစွာအုပ်ချုပ်ပေးတယ်... ဒါပေမဲ့ စစ်ဖြစ်ထားကြတာဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်မပြေနိုင်တဲ့ အမုန်းတရားတွေဟာ သူ့ဇနီးက ဂျာမန်တွေကို ကြည့်မရတော့တာက စပြီး သူ့ခင်ပွန်းကို မကျေမနပ်တွေစဖြစ်လာတော့တယ်။လူတစ်ယောက်ကို မုန်းဖို့ အချိန်ဘယ်လောက်လိုသလဲ။ လူတစ်ယောက်ကို ချစ်မိသွားဖို့လည်း အချိန်ဘယ်လောက်လိုပါသလဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းကြားက စည်းက တကယ်တမ်းတော့ ပါးပါးလေးပဲ။ အဲဒီစည်းကို ကျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း " အမုန်းဆုံးတော့ အချစ် " ပါပဲ။(မင်းသမီးချော ကီရာနိုက်တလေရဲ့ 18+ ခန်းအချို့ပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်ရှုသင့်ပဲ တစ်ကိုယ်တည်း ...
movie

The Aftermath (2019)

2019