Channel Myanmar

Florence Janas

Robust (2021) 5.7
Robust (2021) Robust (2021) ============ IMDb Rating - 5.7/10သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM
movie

Robust (2021)

2021
Final Cut (a.k.a) Coupez (2022) 6.6
Final Cut (a.k.a) Coupez (2022) Final Cut (a.k.a) Coupez (2022)ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ဟာသကားလေးပါ။ရာမီဟာ သာမန်အဆင့်ဒါရိုက်တာတစ်ယောက်ပါ။ လူမသိသူမသိဇာတ်ကားလေးတွေကို ဖန်တီးရင်းနဲ့ ဘဝကို အဆင်ပြေသလိုနေထိုင်နေတဲ့သူပေါ့။တစ်နေ့မှာ ရာမီရဲ့ ထုတ်လုပ်သူ မော်ညာ ဟာ ရာမီ ဂျပန်လူမျိုးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ဂျပန်ဇွန်ဘီးရုပ်ရှင်ကား ရိုက်ဖို့အတွက် ရာမီနဲ့ဆွေးနွေးဖို့ပါ။ဒါပေမယ့် ဒီဇွန်ဘီးရုပ်ရှင်ကားကို တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် Live လွှင့်ပြီးရိုက်ပြဖို့ပါ။လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်မှာ တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် ရိုက်ပြမယ်ဆိုတော့ ရာမီလည်းငြင်းပေမယ့် ထုတ်လုပ်သူက အတင်းရိုက်ခိုင်းတဲ့အတွက် လက်ခံလိုက်ရပါတော့တယ်။သူတို့ပေးတဲ့ ဇွန်ဘီးဇာတ်ညွှန်းကလည်း အဆင်မပြေတဲ့အပြင် တိုက်ရိုက် Live လည်းလွှင့်ပြတဲ့အခါ ရာမီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း ဘယ်လိုအခက်အခဲတွေ ရှိမလဲ? သူ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 3.7GB, 1.3GB, 598MB Quality  ...
movie

Final Cut (a.k.a) Coupez (2022)

2022
Titane (2021) 7.1
Titane (2021) TITANE(2021) ==============IMDb Rating (7.1) / Rotten Tomatoes (87%)Directed By Julia DucournauArt Filmတွေကို ရွေးတာများတဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Orကို ရခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီနှစ်ရဲ့ ခုထိအချိန်အတွင်းမှာ Art Filmလိုင်း Horrorလိုင်းမှာ အနောက်ရုပ်ရှင်ဖန်တွေကြား လူပြောအများဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။တစ်ချို့ကတော့ Titaneကို ဘာမှန်းမသိခြင်းနဲ့ surrealismဆန်ခြင်းဆိုတဲ့အပိုင်းမှာ သူ့လိုင်းက နာမည်ကြီးကားတွေဖြစ်ခဲ့တဲ့ Midsommarနဲ့ David Lynchရဲ့ Earserheadထက်ကို အတော်သာတဲ့ မာစတာပိစ်ရုပ်ရှင်လို့ဆိုကြပါတယ်။ ရှင်းရှင်းပြောရရင် ဘာမှန်းမသိတဲ့နေရာမှာ သာတာပါ။ Horror/Thrillerလိုင်းရဲ့ နတ်ဘုရားသဖွယ်ဖြစ်နေတဲ့ A24 Fanတွေကလည်း Titaneကို အတော်သဘောကျနေကြတယ်။ဇာတ်ကြောင်းကို စာ၂ကြောင်းလောက်ရေးပြ လိုက်ရင် အ‌တော်စိတ်၀င်စားသွားကြမှာပေမဲ့ ကျွန်တော်လည်း ဘာမှန်းမသိဘဲ ကြည့်ရင်းမှ ဘာလဲဟဆိုပြီး ဖြစ်ခဲ့ရတာမို့ အဲဒီ၂ကြောင်းလောက်ကို ပြောမိရင်ကို နည်းနည်းပေါ့သွားမယ် ယူဆလို့ မပြောတော့ပါဘူး။ ကိုယ့်ဘာသာကြည့်ပြီးပဲ ဘာလဲဟ လိုက်ကြပါတော့။Cinematographyအပိုင်းမှာလည်း အတော်လေးချီးကျူးခံထားရပါတယ်။ လက်ရှိ‌ခေတ်ထထားတာ မကြာသေးတဲ့ နီယွန်ညဆန်ဆန်တွေလည်း တွေ့ရတယ်။ သတိချပ်စရာက Horror Thrillerပေမဲ့ Body Horrorပါ။ကျန်တာတော့ လန့်စရာ မပါပါဘူး။ဟုတ်ကဲ့ ဒီရုပ်ရှင်ဟာ မာစတာပိစ်ရုပ်ရှင်ပါပဲ။ သောက်ကျိုးနဲ ကြောင်တောင်နေတဲ့ ဘာပြချင်တာလဲဆိုတဲ့အချက်ကို ဖမ်းမရတဲ့ ဘုရားစူး မာစတာပိစ်ပါပဲ။ ရုပ်ရှင်ဟာ ဘာကိုမှ ပြဖို့ တာ၀န်မရှိပါဘူး။ Art Houseရုပ်ရှင် ပီပီသသပဲ ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံက ပရိတ်သတ်ဘက်ကိုငဲ့ပြီး အကုန်ချပြမထားဘဲ သူပြချင်တဲ့နားကို ...
movie

Titane (2021)