Channel Myanmar

Florence Viala

A Radiant Girl (2021) 6.1
A Radiant Girl (2021) A Radiant Girl (2021) ================ IMDb rating - 6.1/10ဒီဇာတ်ကားလေးကတော့ 1942 မှာဂျူးလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ် ခဲ့တဲ့ အမှောင်ခတ်ကာလအကြောင်းကို drama လေးရောနှောပြီး ရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... 1942 ခုနှစ်ပဲရစ်မြို့ နွေရာသီလေးမှာ Jewish French လူမျိုးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် အီရင်းဆိုတဲ့မိန်းကလေးတစ်ယောက်က ဘဝ မှာရည်မှန်းချက်တွေအပြည့်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ် ချင်တဲ့ အိပ်မက်လေးနဲ့ ဘဝကိုကြိုးစားရှင်သန်နေပါတယ်။ သူ့ဘဝ အတွက် အချစ်ဆိုတဲ့အရာကိုစူးစမ်းလေ့လာနေပြီး ဘဝမှာပထမဆုံး သောအရာတွေကို လက်တည့်စမ်းကြည့်ရင်းနဲ့ပေါ့။တစ်နေ့မှာတော့ သူ့ရဲ့မိသားစုမှာအမှောင်ရိပ်တစ်ခုလွှမ်းမိုးလာပါတယ်။ သူ့ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်လေးကို ဘယ်အရာတွေက ဘယ်လိုရိုက် ချိုးပစ်လိုက်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူ ခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.24 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......June Encoder..........SWM
movie

A Radiant Girl (2021)

2021
I Love America(2023) 6.7
I Love America(2023) I Love America(2023)*******************အချစ်ဟာသဇာတ်ကားကောင်းလေးပေမဲ့ အချို့သောဇာတ်ဝင်ခန်းတွေကြောင့်မိသားစုနဲ့မကြည့်ပဲ သူငယ်ချင်း ၁၈ယောက်မပြည့်တပြည့်နဲ့သာစုကြည့်ပါနော်..... အချစ်ကားဆိုလို့ ဆယ်ကျော်သက်အရွယ် လေတိုက်ရင် ဟိဟိဆိုပြီးရီတတ်တဲ့အပျိုဖြန်းအရွယ်လေးတော့မဟုတ်ပါဘူး .. အရွယ်ဟိုင်းနေပြီထင်ရပြီး ကလေးအမေ မုဆိုးမလည်းဖြစ်ပေမဲ့ ဘဲကြည်ချက်ကတော့ခုခေတ် FA မတွေစောင်ကိုက်ကြည့်ရှူရမှာပါ... ဇာတ်လမ်းအကျဉ်းကတော့ လီဆာဆိုတဲ့ပြင်သစ်သူ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဟာဟောလီးဝုဒ်မှာ ဇာတ်ကားရိုက်ချင်တဲ့အပြင် ဘဝသစ်ကိုစမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူLos Angeles ကိုပြောင်းလာခဲ့ပါတယ် အမေနေမကောင်းသေလုဆဲဆဲဖြစ်ခဲ့ရတာကိုပြုစု‌နေခဲ့ရတာမလို့ယောင်္ကျားလည်းမရှိရည်းစားလည်းမထားဖြစ်တဲ့ လီဆာဟာ ကုတင်ပေါ်မှာတစ်ယောက်တည်းဖက်တုံးနဲ့ပဲအိပ်နေရတာ သုံးနှစ်ရှိလာခဲ့ပါပြီ ဒါကြောင့်အမေရိကန်ယောက်ျားကောင်းတစ်ယောက်နဲ့ဒိတ်ချင်တဲ့ဆန္ဒကလည်းသူနဲ့အတူပါလာပါသေးတယ် အသက်ကလည်း ၅၀ရှိနေပြီမလို့အချစ်ရေးမှာလက်လျော့ထားတဲ့လီဆာဟာ LAမှာနေနေတဲ့သူ့ရဲ့သူငယ်ချင်းကောင်းလူကာနဲ့အတွေ့မှာတော့ ပြောင်းလဲသွားပါပြီ လူကာက MILF(ကလေးအမေ)တွေကိုပွန်းဆိုက်တွေမှာရှာဖွေနှုန်းဟာ တတိယချိတ်ကြောင်း ခုခေတ်ကအမေအရွယ်တွေရဲ့ခေတ်ဖြစ်ကြောင်းလီဆာကိုသူ့ရဲ့ပြင်သစ်ပုံစံအချစ်အတွေးအခေါ်တွေကို စွန့်ပစ်သင့်ကြောင်းကိုဆွယ်တရားဟောပြီး dating app မှာ acc ဖွင့်ပြီး သူကိုယ်တိုင်စီမံပေးပါတော့တယ် ဒီလိုနဲ့လီဆာတစ်ယောက် သိမ်းငှက်တွေမြေမှာ လိုင်းပေါ်ကလူပေါင်းစုံကြားမှာသူလိုချင်သလိုအချစ်စစ်ကိုတွေ့ပါ့မလား သူ့ရဲ့အတိတ်ဘဝကကိစ္စတွေကရောသူ့ကိုဘယ်လိုဆက်နွယ်ပတ်သတ်နေမလဲဆိုတာကို ပျော်ပျော်ရွင်ရွင်ကြည့်ရှူရမဲ့ကားလေးပါ ဒါရိုက်တာ Lisa Azuelosရဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အဓိကမင်းသမီးSophie Marceauကလည်း ငယ်စဉ်က James Bond ရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ဖူးတဲ့ဝါရင့်မင်းသမီးကြီးဖြစ်ပါတယ်File size…1.5GB / 727MB Quality… WEB-DL1080P / ...
movie

I Love America(2023)

Guermantes (2021) 5.6
Guermantes (2021) Guermantes (2021) ===============စကားပြောဖော်မရှိလို့ တစ်ယောက်တည်း ပျင်းနေရပါတယ်ဆိုတဲ့ သူတွေအတွက် ပျင်းချိန်မရှိလိုက်အောင်ကို ပေါက်ပေါက်ဖောက်ပေးမယ့် ဟာသဇာတ်ကားလေးလာပါပြီ။ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ ကြည့်ပါ။ မဟုတ်ရင် ဟာသကားကြည့်ရင်း ထစိတ်တိုရတဲ့အဖြစ်တွေ ပေါ်လာနိုင်ပါတယ်။ ဤကားအရိုးရှင်းဆုံး အညွှန်းဖြစ်၏။ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ရရင်ဖြင့် ဒီကားက ပြင်သစ်ဟာသ ကားလေးပါ။ ကော်မီဒီ-ဖရန်စီ လို့ခေါ်တဲ့ ပြဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ရှိုးပွဲအတွက် ရီဟာဇယ်လေ့ကျင့်နေကြရင်း ရုတ်တရက် ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခံလိုက်ရပါတယ်။ အဲဒီမှာပဲ ရှိုးကနေ နှုတ်ထွက်မယ့်သူတွေ၊ ဘာလုပ် ရမလဲမသိ လမ်းပျောက်ကုန်တဲ့သူတွေ နဲ့ ဆက်လေ့ကျင့်ချင်တဲ့သူတွေဆိုပြီး အဖွဲ့တွေကွဲကုန်တာပေါ့။ရှိုးရဲ့ဒါရိုက်တာကတော့ ရီဟာဇယ်ကိုဆက်လေ့ကျင့်စေချင်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ ပြောရာကနေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် ကြမယ့် ဇာတ်လမ်းစတင်လာပါတော့တယ်။Plot twist တွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရမယ့်ကားလေးဖြစ်တာမို့ အပန်းပြေ ကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ သရုပ်ဆောင် ဆယ့်ခြောက်ယောက်တိတိကနေ သင့်ကို မနားတမ်း အဖော်ပြုပေးပါ လိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.72 GB) / (1.02 GB) / ...
movie

Guermantes (2021)

2021