Channel Myanmar

France Perras

Dangerous Lies(2020) 5.3
Dangerous Lies(2020) Dangerous Lies(2020)Netflixက​နေ မကြာ​​သေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားက​တော့ ​တော်​တော်​လေး စိတ်၀င်စားဖို့​ကောင်းတယ်လို့ကို​ ​ပြောလို့ရပါတယ်။ ​ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီး​​​မောင်နှံ​တွေဖြစ်ပြီး သူတို့မှာ ​ငွေ​​ရေး​ကြေး​ရေး အခက်အခဲ ​တော်​တော်​လေးရှိ​နေကြပါတယ်။​ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစု​စောင့်​ရှောက်​ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ​ငွေ​ကြေးပြည့်စုံတဲ့ တ​ကောင်ကြွက် အဘိုးအို တစ်​​ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ ​နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး ​လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွား​တော့အံ့သြစရာ​ကောင်း​လောက်​​အောင် ​ကေတီက အိမ်ကြီးကို အ​မွေ​ဆက်ခံခွင့်ရခဲ့ပါ​တော့တယ်။ဒီမှာပဲ ဇာတ်ခမ်းစပါ​တော့တယ်။ သူအ​မွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာ​တွေများရှိ​နေမလဲ။ဒီအိမ်ကြီးကို အ​ကြောင်းပြုပြီး သူတို့လင်မယားနှစ်​ယောက် ဘယ်လိုဒုက္ခ​တွေကြုံ​တွေ့ရမလဲ။ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာ​တွေများ ကွာခြားမလဲ အမျိုးမျိုး​သော အဖြစ်အပျက်​တွေနဲ့အတူ ​နောက်ဆုံး ရဲ​တပ်ဖွဲ့ကပါ ​​ခြေချင်းလိမ်လာတဲ့ အခါမှာ​တော့.... Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အ​ပြောင်း​တွေနဲ့ ...
movie

Dangerous Lies(2020)