Channel Myanmar

Francesca Delbanco

Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

Forgetting Sarah Marshall (2008) 7.1
Forgetting Sarah Marshall (2008) Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie

Forgetting Sarah Marshall (2008)

2008