Channel Myanmar

Francesco Di Leva

Last Night of Amore (2023)
Last Night of Amore (2023) ရဲအရာရှိ ဖရန်ကို အမိုရီ တစ်ယောက် သူ့ရဲ့ အငြိမ်းစားယူမိန့်ခွန်းကို အသေအချာပြင်ဆင်နေခဲ့ပါတယ်။ ဒီနေ့ညမှာ သူရဲအရာရှိတာဝန်ထမ်းဆောင်တာ ၃၅ နှစ်ပြည့်ပြီဖြစ်တဲ့အပြင် သူ့ရဲ့ရဲအရာရှိဘဝရဲ့နောက်ဆုံးညပါ။ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၅ နှစ်လုံး လူတစ်ယောက်ကိုမှ သေနတ်နဲ့ မပ(စ်) ခဲ့ဖူးသလို အရိုးသားဆုံးနေထိုင်လာခဲ့သူလည်းဖြစ်ပါတယ်။ သူမသိခဲ့တာကတော့ အဲဒီနေ့ညဟာ သူ့ရဲ့ဘဝခံယူချက်‌တွေ၊ သူချစ်ရတဲ့ ဇနီးချော ဗီဗီယန်နာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုတို့ရဲ့ဘဝကို ပြောင်းလဲပေးသွားမဲ့ ညတာအရှည်ကြီးတစ်ညဖြစ်‌နေမယ်ဆိုတာပါပဲ။2023 ထွက် အီတလီစကားပြော အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မီလန်မြို့ရဲ့ အလှအပတွေကိုကြည့်ရှုပြီး မြေအောက်ရာဇဝတ်ဂိုဏ်း တွေရဲ့ အရှုပ်အထွေးတွေကို အရာရှိ ဖရန်ကိုနဲ့အတူဖြေရှင်းရင်း လိုက်ပါစီးမျောကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.7 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Thriler, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Last Night of Amore (2023)

Mixed by Erry (2023) 7.1
Mixed by Erry (2023) Mixed by Erry (2023) ================ IMDb Rating - 7.1/10အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယို ဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှား ရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခု ပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေ ရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ ဂီအူ‌ဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့် အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တု ပ္ပတ္တိ ဒရာမာဇာတ်ကား‌လေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (675 MB) / (382 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, History Translator.......Khant ...
movie

Mixed by Erry (2023)

2023
Nostalgia (2022) 6.7
Nostalgia (2022) Nostalgia (2022) ================ ဒီတစ်ခေါက်မှာတော့ ၂၀၂၂ခုနှစ်မှာထွက်ရှိထားတဲ့ အီတလီကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ငြိမ့်ငြိမ့်လေးနဲ့ တစ်ကားလုံးကိုဆွဲခေါ်သွားတာကြောင့် အားတဲ့ရက်လေးမှာ နားအေးပါးအေးchill ချင်ရင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဖီးလစ် ဆိုတဲ့လူတစ်ယောက်ဟာ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူ့မွေးဖွားရာမြို့လေးကို မပြန်ချင်ဘဲပြန်လာခဲ့ပါတယ်။ ဒါပေမယ့် မြို့ကိုပြန်ရောက်ပြီးတဲ့အချိန်မှာ သူသွားလေရာနေရာတိုင်းက သူ့ငယ်ဘ၀ပုံရိပ်တွေ ပြန်ထင်ဟပ်နေတာကြောင့် စိတ်ပြောင်းသွားပြီး ဒီမြို့မှာပဲပြန်လာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူဟာ ဒီမြို့လေးနဲ့ မြို့ပေါ်ကလူတွေက သူ ငယ်ငယ်ကအတိုင်း မပြောင်းလဲဘူးလို့ ထင်နေခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာ သူကလွဲပြီး ကျန်တာအကုန်လုံးက ပြောင်းလဲနေတဲ့အခါမှာတော့.... File size…1.3GB  / 555MB Quality…1080p BluRay / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Nostalgia (2022)

2022