Channel Myanmar

Francisco Barreiro

A Million Miles Away (2023) 7.6
A Million Miles Away (2023)  ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သောဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကိုA Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကိုကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြသူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲလုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက်ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်းဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကိုစတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူးဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာအင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိမပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီးဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်းသူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ ...
movie

A Million Miles Away (2023)

Here Comes the Devil (2012) 5.6
Here Comes the Devil (2012)  Here Comes The Devil ဇာတ်ကားကတော့ Director : Adrian Garcia Bogliano ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့ Mexican Horror , Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 5.6/10 Rotten Tomatoes - 72%***ဇာတ်လမ်းအညွှန်း***ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစမှာဆိုရင် Lesbianနှစ်ယောက် ချစ်ရည်လူးနေတာကနေ ဇာတ်လမ်းစထားပါတယ်။ သူတို့နှစ်ယောက်ချစ်ရည်လူးပြီးလို့ဆင်းလာတဲ့အခါမှာဆိုရင်တော့ အောက်ထပ်မှာ သူ့သူငယ်ချင်းကို လူတစ်ယောက်ကသတ်နေတာကို မထင်မှတ်ဘဲတွေ့လိုက်ရပါတယ်။ ထိုလူသတ်သမားကို အနောက်မှ တုတ်ဖြင့် ရိုက်လိုက်သောကြောင့် ထိုလူသတ်သမားက သေနိုုင်လောက်သော ဒဏ်ရာဖြင့် တောင်ကုန်းတစ်ခုပေါ်သို့ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုလူသတ်သမားရဲ့အလောင်းကိုတော့ ထိုတောင်ကုန်းပေါ်မှာ မတွေ့ရတော့ပါဘူး။နှစ်တွေကြာပြီးနောက် မိသားစုတစ်စုက ထိုတောင်ကုန်းပေါ်မှာ လာရောက်အပန်းဖြေကြပါတယ်။ ထိုမိသားစုမှ ကလေးနှစ်ယောက်က ဟိုးနှစ်တွေကြာခဲ့တုန်းက လူသတ်သမားပျောက်သွားခဲ့သော တောင်ကုန်းပေါ်ရှိ ဂူတစ်ဂူထဲကို ဝင်မိပြီး ကလေးနှစ်ယောက်လုံး ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ်။ထိုဒေသခံတွေက ထိုဂူကို ကျိန်စာသင့်နေတာလို့ပြောကြတယ်။ တစ်ချို့ကတော့ မကောင်းဆိုးရွားဂူလိုပြောကြတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ရှု့စားကြပါတော့...။(အညွှန်းနှင့်ဘာသာပြန်ကတော့ NAL ဖြစ်ပါတယ်) File size__(900 MB) and (350 MB) Quality__BR-Rip 720p IMDb Rating__5.6/10 Format__mp4 Duration__01:37:39 Type__Horror , Thriller Subtitle__.Myanmar Subtitle (Hardsub) Translated by NAL Encoded by Naing Aung ...
movie

Here Comes the Devil (2012)

2012