Channel Myanmar

François Chattot

Vidocq (2001) 6.4
Vidocq (2001)  ဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံက သမိုင်းဝင်စုံထောက်ကြီးဖြစ်တဲ့ဗီဒေါခ့်ကိုစိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်ကြီးဗီဒေါ့ခ်ကို ရဲတပ်ဖွဲ့ကအမှုတစ်ခုစုံးစမ်းခိုင်းတာဖြစ်ပါတယ်။အကြောင်းကတော့ ပြင်သစ်နိုင်ငံကိုကြီးကြီးမားမားကူညီပေးတဲ့ ဘယ်မွ့န် နဲ့ဘရာဒီတို့သေဆုံးသွားရတာကြောင့်ပါ။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလို့ထင်တဲ့အတွက်ပဲရစ်မြို့အင်စပတ်ကြီး ဗီဒေါ့ကိုခပ်မြန်မြန်စုံးစမ်းဖို့အမိန့်ပေးလိုက်တယ်။ဘယ်မွန့် နဲ့ ဘရာဒီတို့နှစ်ယောက်သာ မိုးကြိုးပစ်ခံရပြီးမီးလောင်သေဆုံးသွားတဲ့အတွက်သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိပြီး လိုက်လံစုံစမ်းတဲ့အခါ မထင်ထားတဲ့အကြောင်းအရာတွေပေါ်ထွက်လာပါတော့တယ်။ File size…2.37 GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Action , Crime , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Vidocq (2001)

Father & Soldier (2022) 5.9
Father & Soldier (2022) Father & Soldier (2022)~ IMDb - 5.9/10, Rotten Tomatoes - 86% ~ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် "Tirailleurs" လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ရုပ်ရှင်အကျဉ်းကတော့...ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ...
movie

Father & Soldier (2022)

2022
The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

District 13 (2004) District B13/Banlieue 13 7.1
District 13 (2004) District B13/Banlieue 13 IMDb Rating(7.1)/Rotten Tomatoes (70%)ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်... အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်.. ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပြီး IMDb rating 7.1 ရရှိထားတဲ့ထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ဇာတ်လမ်းကတော့.... လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ...ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။ အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ.. ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး..သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ... လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျုဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ... ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ...
movie

District 13 (2004) District B13/Banlieue 13