Channel Myanmar

François Pérache

Everything Went Fine (2021) 6.8
Everything Went Fine (2021)  ဒီကားလေးကတော့ Emmanuèle Bernheim လို့ခေါ်တဲ့ပြင်သစ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအထ္ထုပတ္တိကိုအခြေခံထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Everything Went Fine ဖြစ်ပြီးဘာလို့ဇာတ်ကားကို အားလုံးအဆင်ပြေခဲ့ပါတယ်ဆိုတဲ့နာမည်ကိုပေးထားလဲဆိုတာကိုဇာတ်သိမ်းမှာသိလာရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဧမန်နူရယ်နဲ့ ပါစကယ်တို့ညီအစ်မနှစ်ယောက်ရဲ့အဖေဖြစ်သူ မစ္စတာဘျာမိန်ကရုတ်တရက်ကြီး လေဖြတ်သွားခဲ့ပြီးဆေးရုံမှာအသည်းအသန်ကုသခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ သက်သာလာခဲ့ပေမဲ့လဲလူကြီးဖြစ်တာကလဲတစ်ကြောင်းလေဖြတ်ရောဂါ ဖြစ်တာကတစ်ကြောင်းကြောင့် အရှင်းကြီးတော့ပြန်မသက်သာလာခဲ့ပဲ လူမမာတစ်ယောက်အနေနဲ့ဆေးရုံမှာပဲနေနေရပါတယ်။အဲ့ဒီအချိန် ဆွစ်ဇာလန်မှာနာကျင်ဝေဒနာတွေမခံစားချင်ပဲ သက်တောင့်သက်သာနဲ့ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ချင်နေတဲ့လူတွေအတွက် ဝန်ဆောင်မှုပေးတဲ့နေရာတစ်ခု အကြောင်းကိုမစ္စတာဘျာမိန်သိပြီးနောက်မှာ သူ့ကိုအဲ့ဒီကိုပို့ပေးဖို့အတွက်သူ့သမီးတွေကိုတောင်းဆိုခဲ့ပါတော့တယ်။ ဒီတော့သူ့သမီးဖြစ်သူတွေကလဲ အဖေဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အတွက်ရင်နာနာနဲ့အဖေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့အကြောင်းတွေကိုအသေးစိတ်မြင်ရမှာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဆီမှာသူတို့အဖေအဲ့ဒီဆန္ဒကိုပြန်ရုတ်သိမ်းဦးမလားဆိုတဲ့မျှော်လင့်ချက်ကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သူတို့ ဘယ်လိုအခက်အခဲတွေပြဿနာတွေ ကိုစိတ်ခံစားချက်တွေကိုကြုံတွေ့ခဲ့ရပြီးဘယ်လိုဇာတ်သိမ်းသွားမယ်ဆိုတာကို ကြည့်ရှူရမဲ့မိသားစုဒရာမာကားလေးပဲဖြစ်ပါတယ်။  File size…2.05GB / 704MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Everything Went Fine (2021)

Kitchen Brigade (2022) 6.3
Kitchen Brigade (2022) Kitchen Brigade (2022)~ IMDb - 6.3/10, Rotten Tomatoes - 89% ~ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီး‌မောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ...
movie

Kitchen Brigade (2022)

2022