Channel Myanmar

Frank Moore

Rabid (1977) 6.3
Rabid (1977)  အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Rabid (1977)

The Long Kiss Goodnight (1996)
The Long Kiss Goodnight (1996)  ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် "မေယိုး" မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ...
movie

The Long Kiss Goodnight (1996)