Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frank O'Sullivan
7.1
Michael Collins(1996)
Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Michael Collins(1996)
7.5
The Wind That Shakes the Barley(2006)
The Wind That Shakes the Barley(2006)**************************************အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွားသရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Wind That Shakes the Barley(2006)