Channel Myanmar

Frank Vercruyssen

Will (2024) 7.1
Will (2024) Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Will (2024)

2024
[18+] Zillion (2022) 7.4
[18+] Zillion (2022) IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး ...
movie

[18+] Zillion (2022)