Channel Myanmar

Frankie Imbergamo

The Catcher Was a Spy 5.9
The Catcher Was a Spy ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
5.9
IMDB: 5.9/10 606 votes
movie

The Catcher Was a Spy

2018
Web-DL 1080P
Chappaquiddick (2017) 6.8
Chappaquiddick (2017) ဒီတစ်​​ခေါက်​က​တော့ အ​မေရိကန်​ဇာတ်​လမ်း​ကောင်း​ကောင်း​လေး​တွေကို ကြိုက်​တဲ့သူ​တွေအတွက်​ပဲဖြစ်​ပါတယ်​ ဇာတ်​လမ်းက​တော့ .... Joe Kennedy ရဲ့ အသက်​ရှင်​ကျန်​ခဲ့တဲ့တစ်​ဦးတည်း​သောသား အမတ်​ Ted Kennedy က Chappaquiddick ကျွန်းကို ​လှေပြိုင်​ပွဲအတွက်​သွားရင်​ "Boiler Room Girls" လို့​ခေါ်တဲ့ စည်းရုံးမဲဆွယ်​​ရေးက အမျိုးသမီး​တွေနဲ့ ၁၉၆၉ ဇူလိုင်​လ၁၈ရက်​မှာ ပြန်​လည်​​တွေ့ဆုံပွဲလုပ်​ခဲ့ပါတယ်​ ပွဲပြီးတဲ့​နောက်​မှာ သူ့ရဲ့အစ်​ကိုဖြစ်​သူ Bobby လက်​ထပ်​တုန်းက အတူအလုပ်​လုပ်​​ပေးခဲ့ဖူးတဲ့ Mary Jo နဲ့အတူ ပါတီက​နေထွက်​လာခဲ့တယ်​ လမ်းမှာပဲ မ​တော်​တဆမှုဖြစ်​ပြီး ကားက​ရေထဲထိုးကျသွားခဲ့ပြီး Mary Joလည်း​သေသွားခဲ့ပါတယ်​ လာမယ့်​​ရွေး​ကောက်​ပွဲမှာ အ​ရွေးခံမယ့်​ လွှတ်​​တော်​အမတ်​ Ted ဟာ Mary Jo ​သေတဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး ​ဖြေရှင်းရင်း ပြဿနာ​တွေ ရှုပ်​​ထွေးသွားခဲ့ပါတယ်​ အဲ့ပြဿနာ​တွေကို ဘယ်​လို​ဖြေရှင်းမလဲ? Ted က ပြစ်​ဒဏ်​​တွေခံရဦးမှာလား? Ted ရဲ့သမ္မတ​လောင်း​နေရာက​ရော ဘယ်​လိုဖြစ်​မလဲ ဆိုတာစိတ်​ဝင်​တစား​စောင့်​ကြည့်​ရမယ့်​ ဇာတ်​လမ်း​ကောင်းဖြစ်​ပါတယ်​ ဒီဇာတ်​လမ်းကို John Curranက ရိုက်​ကူးထားပြီး​တော့ John Clarke, Kate Mara, Ed ...
6.8
IMDB: 6.8/10 1,696 votes
movie

Chappaquiddick (2017)

2017
The Proposal (2009) 6.7
The Proposal (2009) The Proposal ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၉ခုနှစ်​ထွက်​ဒရာမာဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​ ဇာတ်​ကားကြာမြင့်​ချိန်​က​ ၁နာရီ မိနစ်​​ ၄၀​ကျော်​ရှိပြီး Imdb rating 6.7/10 အထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ နာမည်​ကြီးမင်းသမီး Sandra Bullock.....မင်းသား Ryan Reynolds တို့ဖြစ်​ပါတယ်​ ဇာတ်​လမ်းအကျဉ်းက​တော့ စာအုပ်​တိုက်​တစ်​ခုမှာ အယ်​ဒီတာချုပ်​ဖြစ်​တဲ့ Margret တစ်​​ယောက်​ ဗီဇာစည်းကမ်း​ဖောက်​လို့ ပြည်​နှင်​ဒဏ်​​အ​ပေးခံရမယ့်​အ​ခြေအ​နေဆိုက်​​နေပါတယ်​.... သူ့အတွက်​​ဖြေရှင်းဖို့နည်းလမ်းက​တော့ နိုင်​ငံသားတစ်​​ယောက်​နဲ့လက်​ထပ်​တာပါ.... အဲဒီအခါ သူ့လက်​​ထောက်​ဖြစ်​တဲ့ Andrew နဲ့ လက်​ထပ်​ဖို့ကြံစည်​ပါ​တော့တယ်​..... ဒါပေမယ့်လည်း အ​မေရိကန်​လူဝင်​မှုကြီးကြပ်​​ရေးအရာရှိမှ သူတို့နှစ်​​ယောက်​​ပေါင်းလိမ်​​နေတယ်​လို့သံသယရှိလာတာ​ကြောင့်​ ၂​ယောက်​စလုံးကို​မေးခွန်း​တွေ​မေးမယ်​ မတူရင်​ Margret က နယ်​နှင်​ဒဏ်​ Andrew က​ငွေဒဏ်​နဲ့​ထောင်​ဒဏ်​ခံရမှာပါ..... ဒီကိစ္စ ကို​ဖြေရှင်းဖို့ ၂​ယောက်​သားဘယ်​လို​တွေလုပ်​​ဆောင်​မလဲ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး နှစ်ဦးသား ဘယ်လိုအတူဖြတ်ကျော်ကြမလဲ။ ....မိသားစု....ရည်းစား​ဟောင်းစတဲ့အခက်​အခဲ​တွေကြားမှာ မထင်မှတ်ပဲအချစ်​စစ်​တစ်​ခု​ပေါက်​ဖွားလာနိုင်​မလား၊ ဆိုတာတော့ Dramaကြိုက်တဲ့ ပရိသတ်​ကြီးတွေကိုယ်တိုင်ကြည့်​ရှုလိုက်​ပါဦး​နော်​   File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1h 48min  Format ...
6.7
IMDB: 6.7/10 252,819 votes
movie

The Proposal (2009)

2009

Genres