Channel Myanmar

Frederic Forrest

Falling Down (1993) 7.6
Falling Down (1993) Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Falling Down (1993)

Valley Girl (1983) 6.4
Valley Girl (1983) IMDb Rating (6.4) / Rotten Tomatoes (83%)ဟောလိဝုဒ်ရဲ့ ၁၉၈၀ ပြည့်နှစ်တွေဘက်ဆီလည်ပြန်ကြည့်လိုက်မယ်ဆို တစ်မျိုးတမည်လေးခံစားရမှာတော့သေချာ‌ပေါက်ပဲဗျ။ခေတ်တစ်ခေတ်ရဲ့ချစ်စရာအဖြစ်လေးတွေနဲ့မမေ့နိုင်စရာကိစ္စလေးတွေပြည့်နှက်ခဲ့တဲ့အ‌ကြောင်းတွေပြောရမယ်ဆို ၁၉၈၀ကျော်ခုနှစ်တွေကမပါမဖြစ်ပါပဲ။နီကိုလက်ကေ့ခ်ျမင်းသားကြီးရဲ့ ငယ်ရုပ်ချောချောကို တွေ့ရမယ့်အပြင်ခေတ်ဟောင်းဟောလိဝုဒ်သီချင်းတွေကိုခံစားလို ခေတ်ဟောင်းအငွေ့အသက်ကိုရလိုသူတွေအတွက်ကြည့်ကိုကြည့်သင့်တဲ့ ခေတ်ဟောင်းဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားလေးကတော့ ၁၉၈၃ ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Valley Girl ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...ဂျူလီဟာ ဟောလိဝုဒ်နဲ့ကပ်လျက်ဘယ်လီမြို့လေးကမိန်းမလှလေးတစ်ယောက်ဖြစ်ပြီးတော့ရန်ဒီကတော့ဟောလိဝုဒ်က ကောင်ဆိုးလေးတစ်ယောက်ပါ။ဘရက်ဆိုတဲ့ရည်းစားရှိပြီးသားဖြစ်တဲ့ ဂျူလီလေးနဲ့ ကောင်ဆိုးလေး ရန်ဒီတော့ဘယ်လိုပက်သက်မိကြမယ်သူတို့သုံးယောက်ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းကဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို၁၉၈၀ ကျော်တုန်းက ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ဒီဇာတ်ကားလေးကိုပြန်လှည်ခံစားရင်း၁၉၈၀ ကျော်နှစ်တွေဆီပြန်လည်လွမ်းဆွတ်ကြည့်ကြရအောင်လားဗျာ။  File size…(1.8 GB) and (1 GB) Quality….Blu-Ray 1080p 5.1 CH & 720p (HEVC Encode) Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

Valley Girl (1983)

HEVC 1080p 5.1
Apocalypse Now (1979) 8.4
Apocalypse Now (1979) Apocalypse Now (1979)=================IMDb Rating - 8.4/10#Unicodeပြောကြတာတော့ Apocalypse Nowဟာ အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။ သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့ ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက် ဒါကလည်းအရေးမပါလှဘူး။စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great ကြီး‌တွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်‌နေမယ့်ပုံစံမျိုး‌ပေါ့။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။လူသားဆန်မှု စစ်ပွဲမှာ ...
movie

Apocalypse Now (1979)

1979