Channel Myanmar

Frode Winther

Royalteen: Princess Margrethe (2023) 4.6
Royalteen: Princess Margrethe (2023) Royalteen: Princess Margrethe (2023) ===========================အခုတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးကို မေ ၁၁ ရက်‌နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ။နော်ဝေးနိုင်ငံက မင်းသမီး‌လေး မာဂရက်သီတစ်ယောက် လူထု အမြင် မိသားစုရေးကိစ္စတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေ ကြုံ တွေ့ရလေ့ရှိတဲ့ ပြဿနာတွေကို ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ကြည့်ရှူရမှာပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... မင်းသမီးလေး မာဂရက်သီက သာမန်ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပေမဲ့ တော်ဝင်မိသားစုမှာမွေးဖွားလာတာကြောင့် ဆယ်ကျော်သက် ဘဝကို အပြည့်အဝမခံစားရတဲ့သူပါ။ သူမရဲ့အပြုအမူတွေကို အမြဲ စောင့်ထိန်းနေရပြီး လူထုအမြင်ကွယ်ရာမှာ ပြောစကားကိုနာမခံဘဲ အရက်တွေသောက်ပြီး ဆေးတွေသုံးတာက သူမကိုလွတ်လပ်မှုကို ခံစားရစေပါတယ်။ တစ်နေ့မှာတော့ မာဂရက်သီ ဆေးသုံးနေတဲ့ပုံကို သူမရဲ့ သူငယ်ချင်းဖြစ်သူ ဂူ့စတက်က ဗီဒီယိုရိုက်သွားပါတယ်။ အဲဒီ ဗီဒီယိုကို ဖျက်ပစ်ပေးဖို့ပြောပေမဲ့ ဂူ့စတက်ကတော့ ဘာကိုမှရေရေ ရာရာမပြောခဲ့ပါဘူး။ ဒီလိုအကြပ်အတည်းကို ခံစားနေရတဲ့အချိန်မှာမှ ဒိန်းမတ်နိုင်ငံက မင်းသားလေး အလက်ဇန်းဒါးက သူမနဲ့တွေ့ဆုံဖို့ ရောက်လာတဲ့အချိန်မှာတော့...မင်းသမီးလေးက ဒီကိစ္စကို မပေါက် ကြားစေဘဲ ဖြေရှင်းနိုင်မှာလား...သူမဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.11 GB) / (763 MB) / (445 MB) Quality............WEB-DL ...
movie

Royalteen: Princess Margrethe (2023)

2023
Hold Up(2010) 6.5
Hold Up(2010) Hold Up(2010) IMDb...6.5 NOKAS ဆိုတာက နော်ဝေနိုင်ငံအခြေစိုက် ငွေကြေးလုံခြုံရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုပါ။ အဲဒီလိုနေရာကို ဓားပြတိုက်ဖို့အတွက် စနစ်တကျအကွက်ဆင်ပြီး အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့ ဓားပြတစ်စုရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်ကားအသွင်နဲ့ NOKAS ဆိုတဲ့နာမည်နဲ့ပဲ ၂၀၁၀ မှာ တင်ဆက်ပေးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အဲဒီနေ့က သုံးနာရီကနေ ရှစ်နာရီ ခွဲအထိဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို တွေ့ရမှာပါ။ IMDB 6.1 ထိရရှိထားပြီး အကောင်းဆုံးဒါရိုက်တာဆုလည်းရရှိခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့ပါတယ်... ဘဏ်ဓားပြကားကောင်းတွေကြိုက်နှစ်သက်သူတွေအဖို့ ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်... File Size : (850 MB) and (210 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Action , Biography , Crime  Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae  
movie

Hold Up(2010)

2010