Channel Myanmar

Fuju Kamio

High & Low The Worst(2019) 6.7
High & Low The Worst(2019) High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ...
movie

High & Low The Worst(2019)

High & Low The Worst X(2022) 6.5
High & Low The Worst X(2022) High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။ အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။  File size…2.26GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi
movie

High & Low The Worst X(2022)

A True Scary Story: Summer Special Edition (2022)
A True Scary Story: Summer Special Edition (2022) A True Scary Story : Summer Special Edition (2022) ------------------------------------------------------- သရဲကားအရှည်ကြီးတွေထက် သရဲကားအတိုလေးတွေကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တွေ့ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတိုလေးတွေကို ပြန်ပြောပြတဲ့ ဂျပန်အစီအစဥ်ကနေ ကောင်းနိုးရာရာဇာတ်လမ်းတွေကို စုထုတ်ထားတဲ့ကားပါ။ရှိုးကနေ ပြောပြတဲ့ဇာတ်လမ်းတွေကို စုစည်းထားတာမလို့ တစ်ချို့နေရာတွေမှာ အဆက်အစပ်မရှိတဲ့ကြားဖြတ်ဇာတ်လမ်းတွေလည်းပါပေမယ့် စိတ်ရှည်သည်းခံပြီး ကျော်သာကြည့်လိုက်ကြပါလို့။တစ်ခုရှိတာက ဒီကားကသာမန်သရဲကားမဟုတ်ဘဲ ရှိုးကိုပေးပို့လာတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်သရဲအကြောင်းကို ပြောပြနေတာမလို့ Narrator အပေါ်မူတည်ပြီး မတင်မကျဇာတ်သိမ်းတွေ တစ်ချို့ဟာတွေကျ ဘာမှနားမလည်လိုက်သိဘဲ ပြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ပါးစပ်ရာဇဝင်သရဲဇာတ်လမ်းတွေနဲ့ အလကားနေဖြဲခြောက်တဲ့သရဲအကြောင်းတွေလည်း အများကြီးပါပေမယ့် အပျင်းပြေကြည့်လို့တော့ရပါတယ်။အညွှနိး နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.43GB | 633MB | 311MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe ...
movie

A True Scary Story: Summer Special Edition (2022)

2022
Re/Member(2022) 6.7
Re/Member(2022) Re/Member(2022)*****************အထက်တန်းကျောင်းသူလေး အဆုက က ကျောင်းမှာဆိုရင် ဘယ်လိုကနေဘယ်လိုအပယ်ခံဘဝရောက်လိုရောက်မှန်းမသိ ရောက်သွားတဲ့ တစ်ခန်းလုံးရဲ့ အပယ်ခံကျောင်းသူလေးပါ....တစ်ညမှာ သူ့ရဲ့ဖုန်းထဲကို "အလောင်းရှာဖွေရေး" ဆိုတဲ့ ကစားပွဲကို ကစားဖိုရွေးချယ်ခံလိုက်ရကြောင်း SMS တွေ တောက်လျှောက်ဝင်လာပါတော့တယ်...အဆုကလည်း ကြောက်ပြီး အိပ်လိုက်ပေမယ့် နိုးလာတော့ သူတိုကျောင်းထဲကဘုရားကျောင်းထဲရောက်နေပြီး သူနဲ့တူတူ သူ့အတန်းဖော်တွေဖြစ်တဲ့ ရှိတာ၊အာဆုရှိ၊ တာကာဟီရို၊ ရူမီကိုနဲ့ အတန်းခေါင်းဆောင်ရီအဲ တိုပါ ကစားပွဲထဲအလိုအလျောက်ရောက်နေကြတာကိုတွေ့လိုက်ရပါတယ်...ကစားပွဲရဲ့နာမည်အတိုင်း အလောင်းတစ်ခုရဲ့အစိတ်အပိုင်းတွေကိုရှာရမှာဖြစ်ပြီး ဘာလိုဒီကစားပွဲဖြစ်လာရသလဲ... သူတိုခြောက်ယောက်ဘာလို အရွေးချယ်ခံရသလဲ... ဒီကစားပွဲကို ဘယ်လိုအနိုင်ကစားရမလဲ ဆိုတာတွေကိုသည်းထိပ်ရင်ဖို ဒရမ်မာလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်.......   File Size :(1.6GB) and (616 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…01:42:00 Genre : Horror , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Encoded by Phyo Pyae
movie

Re/Member(2022)

What She Likes (2021) 6.8
What She Likes (2021) What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie

What She Likes (2021)

Suicide Forest Village (2021) 5.1
Suicide Forest Village (2021) Suicide forest village (2021)Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။( ...
movie

Suicide Forest Village (2021)