Channel Myanmar

Funlola Aofiyebi

Adire (2023) 6.6
Adire (2023) Adire (2023) ============ IMDb Rating - 6.6/10မြို့ကြီးတစ်မြို့မှာ "နင်တို့တွေကေသီ့ကို ကျော်ဖို့မစဉ်းစားနဲ့"ဆိုတဲ့ စာသားနဲ့လိုက်ဖက်လောက်အောင် ဦးစားပေးခံရတဲ့ ညငှက်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူဟာ ညငှက်ဘဝကိုစိတ်ကုန်နေပြီ။ သူ့ဝါသနာက အမျိုးသမီးအတွင်းခံဒီဇိုင်နာ။ တစ်နေ့ကျ သူ့ရဲ့စားကျက် နယ်ထဲကနေ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်။ သူ့ရဲ့ဦးတည်ရာက သူ့ဘဝအခြေချလို့ရမဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု။အဲဒီမြို့ငယ်လေးဟာ သိပ်မဖွံ့ဖြိုးသေးဘူး။ မြို့ခံအမျိုးသမီးတွေဟာလည်း လိင်အသိပညာဗဟုသုတတွေ နည်းပါးပြီး ရှေးရိုးစွဲဆန်ကြတယ်။ အမျိုး သမီးတွေဟာ အရှက်အကြောက်ကြီးပြီး လင်ယူသားမွေးဖို့ပဲ ဖြစ်တည်နေ သလိုမျိုး၊ အိပ်မက်တွေကိုစွန့်လွှတ်ထားရတဲ့အမေတွေ၊ ဗိုင်းကောင်းကျောက် ဖိလွန်းအားကြီးပြီး လွတ်ထွက်သွားတဲ့သမီးပျိုတွေ၊ အဲလိုမြို့လေးကို အိပ် မက်သစ်စမဲ့ ရဲရင့်တဲ့ညငှက်မလေးရောက်လာတယ်။ ‌သူ မသိတာကတော့ သူ့ကိုပြန်ခေါ်ဖို့ လိုက်လာကြတဲ့သူတွေရှိတယ်ဆိုတာကိုပေါ့။ အဲလိုမျိုးနဲ့ ဇာတ်လမ်းကအဆုံးထိဆွဲခေါ်သွားမှာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း ရဲ့စိတ်နေစိတ်ထားနဲ့ လူ့သဘောလူ့သဘာဝကို ရှုထောင့်မျိုးစုံကနေ မီးမောင်း ထိုးပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (682 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 04Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ngwe Zin Encoder..........SWM
movie

Adire (2023)

2023
The House of Secrets (2023)
The House of Secrets (2023) အန်တီဆာရာက နှစ်ပေါင်းများစွာ မတရားဖမ်းဆီး အကျဥ်းချခံထားရတာကို လွတ်မြောက်လာပြီးနောက် သူ့ကိုစောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ဆရာဝန်ကပြောပြတဲ့ သူ့ရဲ့ အတိတ်အကြောင်းအရာတွေကိုလည်း မမှတ်မိနိုင်ဖြစ်နေပြီးတော့ ဆရာဝန်ပြောသမျှကိုလိုက်နာရင်း သူမကိုစောင့်ရှောက်ပေးနေတဲ့မိသားစုဝင်တွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာပဲဖြစ်ပါတယ်။ လက်ရှိ ခြေထောက်ဒဏ်ရာကြောင့် ဝှီးချဲပေါ်မှာပဲ အချိန်ကုန်နေရတာကြောင့် အိမ်နီးချင်းစုံတွဲအကြောင်းကိုပဲ စောင့်ကြည့်ပြီး ဝတ္ထုရေးသားနေတဲ့ အန်တီဆာရာတစ်ယောက် သူ့မိသားစုဝင်တွေကရော သူ့ရဲ့အမှန်တကယ်မိသားစုဝင်တွေဟုတ်ရဲ့လား သူ့ရဲ့ဆရာဝန်ကရော သူ့အတွက်တရားမျှတမှုရအောင်လို့ သူ့အတိတ်အကြောင်းကိုသတိရအောင်ကူညီပေးနေတာလား ဒါမှမဟုတ်အခြားရည်ရွယ်ချက်နဲ့လား သူကိုယ်တိုင်မှတ်မိရမှာအရမ်းကြောက်နေတဲ့ သူ့ရဲ့အတိတ်အကြောင်းကကောဘာလဲ ဆိုတာကို လှည့်ကွက်တွေအများကြီးနဲ့ စိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ် လှည့်ကွက်တွေ တစ်ခုပြီးတစ်ခုနဲ့ ဇာတ်အိမ်တည်ထားတာမို့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်း မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ခုပါ File size…(1.7 GB)/(885 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ls.Ko
movie

The House of Secrets (2023)