Channel Myanmar

G.J. Echternkamp

Hard Candy(2005) 7.2
Hard Candy(2005) Hard Candy(2005) အညွှန်း***********************IMDb...7.2အောင်မြင်မှုတွေနဲ့ ကောင်းမွန်တဲ့ဝေဖန်ချက်တွေအများကြီးရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်းကတော့ဒီကားဟာဇာတ်ကားကောင်းတစ်ကားဆိုတာကို ငြင်းနိုင်ဖွယ်ရာ မရှိပါဘူး။၂၀၀၅ခုနှစ်ကထွက်ခဲ့တဲ့ဒီကားကို အခုထိမကြည့်ရသေးရင်တော့ထပ်ပြီးနောက်မကျသွားခင် အခုပဲDownloadဆွဲပြီး ကြည့်ရှုသင့်တယ်လို့ပဲပြောလိုက်ပါရစေ။ ဇာတ်လမ်းကတော့ Crime Thrillerအမျိုးအစားပါ။ တိုကျိုမှာဖြစ်ခဲ့တဲ့မှုခင်းတစ်ခုကိုအ‌ခြေခံပြီး ဒီကားဖြစ်မြောက်လာခဲ့တာပါ။ ဇာတ်လမ်းကတော့ ဟေလီဆိုတဲ့ စာတွေအရမ်းဖတ်ပြီးသီချင်းတွေလည်းကြိုက်တဲ့ ၁၄နှစ်အရွယ်ကောင်မလေးဟာသူ့အဖေအရွယ်လောက်ရှိတဲ့ ၃၂အရွယ်ဓာတ်ပုံဆရာ ဂျက်ဖ်နဲ့အွန်လိုင်းမှာစကားပြောကြရင်းနဲ့ အပြင်မှာဆုံကြဖို့ချိန်းဖြစ်သွားပါတယ်။အသက်မပြည့်သေးတဲ့ မြီးကောင်ပေါက်မလေးနဲ့ လာချိန်းတွေ့ကတည်းကိုကမူသိပ်မမှန်ဘူးဆိုပေမယ့်လည်း ဟေလီကတော့ အကြောက်အလန့်မရှိပဲ သူကြိုက်တဲ့bandပွဲကသီချင်းကိုနားထောင်ချင်လွန်းလို့ဆိုပြီး အခုမှစတွေ့တဲ့ဂျက်ဖ်အိမ်ကိုလိုက်သွားပါတယ်။သားကောင်လေးတစ်ကောင်တော့ မုဆိုးရဲ့ကျော့ကွင်းထဲကျရောက်သွားလေမလားဆိုပေမယ့်ဘယ်သူကတကယ့်သားကောင်ဖြစ်ပြီး ဘယ်လိုဇာတ်လမ်းလှည့်ကွက်တွေရှိနေလဲဆိုတာကိုယ်တိုင်ပဲကြည့်ရှုပြီး အကဲဖြတ်လိုက်ပါဦး။(ဒီလိုအမဲလိုက်သူနဲ့သားကောင်အခြေအနေကြောင့်ပိုစတာမှာ Little Red Riding Hoodပုံပြင်က မနီလေးနဲ့ဆင်အောင်အနီရောင်ခေါင်းစွပ်လေးထည့်သွင်းထားခြင်းပါ)။ ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်တွေကလည်း တစ်ချိန်ကချစ်စရာမင်းသမီးချောလေး(Ellen Page)အခုတော့ဘဲကြီး Elliott Pageဖြစ်သွားသူလေးနဲ့ အခုသရဲကားတွေနင်းကန်ရိုက်နေတဲ့မင်းသားPatrick Wilsonပါ။ ဇာတ်ကောင်နှစ်ယောက်တည်းဆိုပေမယ့် ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ၊ဇာတ်လမ်းကျောရိုးနဲ့ Coloring effectsတွေကြောင့် စွဲဆောင်နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။Hard Candyလို့ နာမည်ပေးထားတဲ့အတိုင်း အပြစ်ကင်းစင်‌မှုတွေနဲ့ ပြင်းရှရှကြမ်းတမ်းမှုတွေပေါင်းစပ်ထားတဲ့ ဒီကားကို ကိုယ်တိုင်ကြည့်ရှုအကဲဖြတ်ကြည့်လိုက်ပါဦး။     File Size :(2GB)(972MB) and (369MB) Quality : Blu-Ray 1080p5.1ch, ...
movie

Hard Candy(2005)