Channel Myanmar

G-Max

Assassin Club (2023)
Assassin Club (2023) Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie

Assassin Club (2023)

2023
Diabolik – Ginko Attacks (2022) 5.5
Diabolik – Ginko Attacks (2022) Diabolik - Ginko Attacks (2022)၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.15GB, ...
movie

Diabolik – Ginko Attacks (2022)

2022