Channel Myanmar

Gabriel Davenport

Thanksgiving(2023) 7.0
Thanksgiving(2023) Thanksgiving(2023)******************(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး...)ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာတစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီးလူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်းအသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေအရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။File size…3.36GB /1.6 GB  / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar ...
movie

Thanksgiving(2023)

4K HEVC
After the Storm (2019) 5.4
After the Storm (2019) After the Storm (2019)ဒီရုပ်ရှင်လေးထဲမှာတော့ သူတစ်ပါးကိုကူညီတတ်တဲ့ ကျောင်းဆရာမလေးနဲ့ တစ်နယ်တည်းသားချင်း နယ်ခံလက်သမားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကျေးလက်ရဲ့ အငွေ့အသက်၊ သာယာလှပမှုတို့ကိုပါ ပူးတွဲခံစားရမှာပဲဖြစ်ပါတယ်။တစ်နေ့မှာ ကျေးလက်ဒေသလေးတစ်ခုဟာ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာခဲ့တဲ့ လေမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး များပြားလှစွာသော အပျက်အစီးတွေကြားရောက်ခဲ့ရပါတယ်။ သေသူ‌ကသေ၊ ထိခိုက်ဒဏ်ရာရသူကရ၊ အိမ်ပြိုသူကပြိုနဲ့ အတော်လေးကိုကမောက်ကမဖြစ်နေတဲ့ အချိန်ကာလတစ်ခုဖြစ်နေခဲ့တယ်။ မုန်တိုင်းရဲ့ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့သူတွေထဲမှာ လော်ရန်ဆိုတဲ့ကျောင်းဆရာမလေးတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်။လော်ရန်ဟာ ချောင်လည်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒန်နဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မုန်တိုင်းကျတဲ့အချိန်မှာ ဒန်ဟာ ဩစတေးလျကို အလုပ်ကိစ္စနဲ့ရောက်နေပြီး လော်ရန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာရဲ့ တင်းကုပ်ထဲမှာရှိနေခဲ့တယ်။ မနက်မိုးလင်းထွက်အကြည့်မှာတော့ သူ‌တို့မိသားစုလက်ဆင့်ကမ်းခဲ့ကြတဲ့ သူ့ရဲ့အိမ်လေးဟာ ရာသီဥတုရဲ့ဆိုးရွားတဲ့ရိုက်ချက်မှာ အထိနာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။လော်ရန်ဟာ စိတ်ဓာတ်မကျပဲ နွေရာသီအားလပ်ချိန်လည်းဖြစ်တာကြောင့် သူ့အိမ်ကို သူကိုယ်တိုင်ပြန်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဝေးရောက်သူတို့သားလောင်းရဲ့ သူ့နည်းသူ့ဟန်နဲ့ သူကောင်းမယ်ထင်သလို လော်ရန့်ကို ကူညီပေးလိုက်တာဟာ သူတို့ကြားကအချင်းချင်းနားလည်မှုနဲ့ ဆက်ဆံရေးအခြေအနေကို အလင်းပွင့်စေခဲ့တယ်။တစ်ဖက်မှာတော့ လော်ရန်နဲ့ အတိတ်မှာဇယားလေးတွေရှိခဲ့ကြဖူးတဲ့ တစ်နယ်တည်းသား ...
movie

After the Storm (2019)

2019
Don’t Sell My Baby(2023) 6.7
Don’t Sell My Baby(2023) Don't Sell My Baby(2023)***********************စီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ နီကိုလက်ဟာ သူငယ်ချင်းဖြစ်သူဘရွတ်ပျောက်ဆုံးသွားတဲ့ အတွက် လူပျောက်ကြေငြာလိုက်ကပ်ရင်း ရတက်မအေးဖြစ်နေရသူပါ။ ဒီပျောက်ဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေရသူဖြစ်ပြီး ငယ်ရွယ်သူတို့ထုံးစံအတိုင်းအနာဂတ်ဆိုတာလည်း မရေရာမသေချာသေးပါဘူး။ တစ်နေ့ကျတော့ ဒီသူငယ်ချင်းဖြစ်သူက နီကိုလက်ဆီကို ဖုန်းဆက်လာပြီး သူ့နောက်ကို လူတစ်ယောက်လိုက်နေကြောင်း၊ ကလေးကို ငွေပေးပြီး လိုချင်နေသူတွေရှိကြောင်းပြောပါတယ်။ နီကိုလက်ကလည်း အကူအညီအပေးနိုင်ဖို့ တစ်နေရာမှာ ချိန်းဆိုလိုက်ရင်းက သူငယ်ချင်းဖြစ်သူကားတိုက်ခံရပြီး ဆုံးပါးသွားတာမြင်လိုက်ရပါလေရော။ ဒါတွေဟာ တိုက်ဆိုင်မှုပဲလား၊ တမင်ကြံစည်မှုပဲလားဆိုတာ စုံစမ်းနေရင်းမှ နီကိုလက်ကိုယ်တိုင်မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရပါတယ်။ ဒီလိုနဲ့ နီကိုလက်တစ်ယောက် ဘဝအနာဂတ်ရေရေရာရာ မရှိသေးခင်ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးတွေကို ပစ်မှတ်ထားတဲ့လူတွေဆီက ပြေးလွတ်နိုင်မလားဆိုတာကိုတော့...File Size : (1.5GB) and (574MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Don’t Sell My Baby(2023)

Hotel for the Holidays (2022) 5.3
Hotel for the Holidays (2022)   သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie

Hotel for the Holidays (2022)