Channel Myanmar

Gabriel Pimentel

Freaks of Nature (2015) 5.9
Freaks of Nature (2015)  ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Freaks of Nature (2015)

Fred Claus (2007) 5.6
Fred Claus (2007)  ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ...။ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့...။ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ...။ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင်ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့...။ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့်ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်...။ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်...။သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့်အလမ်းတစ်ခုပေါ်လာတော့တယ်...။ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ...ညီအစ်ကိုနှစ်ယောက်တကယ်တမ်းသင့်မြတ်ကြပါ့မလားဆိုတာကို....ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ...။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Fred Claus (2007)