Channel Myanmar

Gabrielle Witcher

Monster’s Ball(2001) 7
Monster’s Ball(2001) Monster's Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။ ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ...
movie

Monster’s Ball(2001)

2001