Channel Myanmar

Gaku Sano

Restart After Come Back Home (2020) 7.2
Restart After Come Back Home (2020) Restart After Come Back Home (2020) ============================ IMDb Rating - 7.2/10LGBTQ+ ပရိတ်သတ်ကြီးအတွက် 2020 က ထွက်ရှိခဲ့တဲ့ ဂျပန် Bl ‌ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မာနကြီး ပျင်းရိတတ်ပြီး တစ်ခုခုဆို မလုပ်ဘဲ ရှောင်ပြေးနေ တတ်တဲ့ Misuomi Kozuka (Yuki Furukawa) တစ်ယောက် တိုကျိုက ကုမ္ပဏီမှာ အဆင်မပြေတာကြောင့် အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ ကျေးလက်ကအိမ်လေးဆီ ပြန်လာခဲ့ပါတယ်။အဲဒီတောရွာလေးမှာ ‌လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့ အဘိုး Kumai ရဲ့တက်ကြွလန်းဆန်းပြီး အချိန်တိုင်းပြုံးပျော်နေ တတ်တဲ့ မွေးစားသားလိမ္မာလေး Yamato Kumai (Ryo Ryusei) နဲ့ တွေ့ပါတော့တယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Yamato နဲ့ တွေ့ပြီး Misuomi မှာ မလွှဲသာပဲ Greenhouse စိုက်ပျိုးရေးလုပ် ငန်းတွေ ကူလုပ်ရပါတော့တယ်။ အဲလိုနဲ့ သူတို့ နှစ်ယောက် ရင်းနှီး လာပြီး တစ်ယောက်ဘဝအတွက် တစ်ယောက် အားကိုးရတဲ့သူ တွေဖြစ်လာတဲ့အခါ...Misuomi ရဲ့ မွေးရပ်မြေပြန်လာပြီး ပြန်လည် စတင်လာမယ့် ...
movie

Restart After Come Back Home (2020)

2020
HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

The Samejima Incident (2020) 4.8
The Samejima Incident (2020) Samejima incident (2021)ကျိန်စာရဲ့နာမည်ကိုကြားရုံသိရုံနဲ့ ကျိန်စာမိပြီး သေပွဲဝင်ရနိုင်တဲ့ ကျိန်စာတစ်ခုအကြောင်းရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ဖြစ်တာမို့ ဂျပန်သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက်ဖြစ်မှာပါ။၂၀၂၀မှာ ကိုရိုနာဗိုင်းရပ်စ်တွေလည်း တော်တော်ပြန့်နှံ့နေတာမို့ လူတွေလည်း အလုပ်အကိုင်ရှာမရဘဲ အိမ်မှာပဲနေနေကြရပါတယ်။ တိုကျိုမှာနေတဲ့ "နာနာ" ဆိုတဲ့ ဘွဲ့ရခါစကောင်မလေးက အိမ်မှာပဲနေရင်း သူ့သူငယ်ချင်းတွေနဲ့ Zoomကနေ ဗီဒီယိုကောခေါ်ပြီး အရက်သောက်တဲ့ပါတီလုပ်ကြပါတယ်။Zoom အရက်သောက်ပါတီ လုပ်နေတုန်းမှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ စတင်လာပါတယ်။ သူတို့ပါတီထဲက အယုမိကောင်မလေးတစ်ယောက်ကထူးဆန်းတဲ့ကျိန်စာတစ်ခုမိပြီး သေဆုံးနေခဲ့တာပါ။ အယုမိရဲ့ကောင်လေးဖြစ်သူက အယုမိဖုန်းနဲ့ Zoomထဲကိုဝင်လာပြီး ဒီကျိန်စာရဲ့နာမည်ကို ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ပါတီထဲမှာရှိနေတဲ့လူအားလုံးလည်း ကျိန်စာမိသွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာပြီး ပါတီထဲကလူတွေက အပြင်လောကနဲ့လည်းဆက်သွယ်လို့မရခဲ့ပါဘူး။ မသေဘဲကျန်ခဲ့တဲ့သူတွေက အသက်ရှင်ဖို့အတွက် ဒီကျိန်စာပြေမဲ့နည်းလမ်းကိုရှာပြီး လွတ်မြောက်အောင်ကြိုးစားကြရမှာပါ။ ဒီကျိန်စာရဲ့နောက်ကွယ်ကဖြစ်ရပ်နဲ့ အရက်သောက်ပါတီထဲကလူတွေ ဘယ်လိုဆက်စပ်သွားလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__4.8/10 Format__mp4 Duration__01:25:00 Type__Horror Subtitle__Myanmar Subtitle ...
movie

The Samejima Incident (2020)

My Little Monster (2018) 5.9
My Little Monster (2018) My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie

My Little Monster (2018)

2018
The Forest of Love (2019) 6.5
The Forest of Love (2019) ဒီတစ်ခါမှာ​တော့CMပရိသတ်​တွေကို Rating 6.5ရထားတဲ့ ဂျပန်ကား​ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ကား​လေးက​တော့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကား​လေးပါ ​ရုပ်ရှင်ရိုက်ကူးနေတဲ့ ဂျေး နဲ့ ဖူကာမီတို့ဟာရှင်း နဲ့ဆုံမိပြီး​တော့ရုပ်ရှင်တစ်ကားကိုဖန်တီးခဲ့ကြတယ် ဂျိုးမူရာတာရဲ့ဘဝဇာတ်​ကြောင်းကိုရိုက်ကူးဖို့လုပ်ခဲ့ကြတာ​ပေါ့မူရာတာဟာ​ကောင်မ​လေး​တွေကိုမြူဆွယ်ပြီး​တော့အကြမ်းဖက်ကာ ပိုက်ဆံ​တွေကိုလိမ်ယူ​နေတဲ့သူ​ပေါ့ သူနဲ့ပတ်သတ်ခဲ့တဲ့မိန်းက​လေး​တွေထဲကမှတာအီကိုဟာ​ဂျေးတို့နဲ့ခင်မင်​နေတဲ့သူပါ ပြီး​တော့သူမရဲ့သူငယ်ချင်း မီစုကိုကိုလည်းမူရာတာဟာချင်းကပ်ခဲ့ပါတယ်တာအီကိုနဲ့မီစုကိုတို့ဟာအထက်တန်း​ကျောင်းတုန်းကအခန်း​ဖော်​တွေ​ပေါ့ တာအီကိုနဲ့မီစုကို သူတို့၂​ယောက်မှာအထက်တန်း​ကျောင်းတုန်းကအံ့သြစရာအဖြစ်အပျက်​တွေရှိခဲ့ကြတယ် ​ဂျေးတို့ဟာတာအီကိုရဲ့​ပြောပြချက်​တွေ​ကြောင့်မူရာတာရဲ့ဘဝဇာတ်​ကြောင်းကိုရိုက်ကူးဖို့ကြိုးပမ်းခဲ့ကြတယ် ရှင်းဟာမူရာတာ​နေရာမှာသရုပ်​ဆောင်ခဲ့တယ် မူရာတာဟာ လူတိုင်းကိုအကြမ်းဖက်နှိပ်စက်တတ်ပြီး​တော့မိန်း​က​လေး​တွေကိုလည်းနှိပ်စက်တဲ့သူပါ​နောက်ပိုင်းမှာ ​ဂျေးတို့သူ့အ​ကြောင်းဇာတ်လမ်းတစ်ပုဒ်ရိုက်​နေတာသိသွားတဲ့အခါမှာ​တော့သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်လာခဲ့တယ် သူပါဝင်လာပြီးတဲ့​နောက်မှာ ​ဂျေးတို့ရိုက်ကူး​နေတဲ့ဇာတ်ကားဟာ ရက်စက်ကြမ်းကြုတ်ပြီး​​တော့အကြမ်းဖက်တဲ့အခန်း​တွေပါခဲ့တယ်ဇာတ်ကားရိုက်​နေရင်း​နောက်ပိုင်း လူသတ်မှု​တွေပါကျူးလွန်လာခဲ့တယ် နောက်ပိုင်းမှာမူရာတာဘာ​တွေအထိလုပ်ခဲ့လဲဆိုတာကိုဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှု့ရမှာပါ​ဒီဇာတ်ကားထဲမှာဆိုရင်လည်း​ကောင်မ​လေး​တွေကိုတောထဲမှာသတ်ထားခဲ့တဲ့ကွင်းဆက်လူသတ်သမားဟာဆိုရင်လွတ်​မြောက်​နေတုန်းပဲ လွတ်​မြောက်​နေတဲ့လူသတ်သမားဟာ ဘယ်သူလဲဆိုတာကို​တော့ ဇာတ်လမ်းကိုအဆုံးထိကြည့်ရှု့ပြီးမှသိလာမှာပါ ​ File Size : ( 1 GB , )Quality :  WEB-DL 720pRunning Time : 2 hr 31 minFormat : Mp4Genre ...
movie

The Forest of Love (2019)

2019