Channel Myanmar

Gam So-hyun

The Goblin (2022) 4.8
The Goblin (2022) The Goblin (2022)‌“သွေးက ရေထက်ပျစ်တယ်”ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ ဒါဟာ သွေးသားတော်စပ်မှုတစ်ခုထဲကိုပဲ ဖော်ညွှန်းတာတော့ မဟုတ်ပါဘူးလူသတ်သမားတစ်ယောက်အတွက်တော့ ပျစ်နှစ်တဲ့ သွေးစက်တွေက ရေထက်အရသာရှိမှာပေါ့ လူသတ်တဲ့နေရာမှာ တစ်ချက်လေးမှ တုံ့ဆိုင်းမှု ရှိမနေတာကြောင့် "မှင်စာ" လို့တင်စားခေါ်ဝေါ်ခံရတဲ့ လူသား ဂန်ဒူဟျွန်း ဆိုတဲ့ လူသတ်သမားပါ။လူသတ်ဖို့ဆို လက်တွန့်ကြောက်ရွံ့နေတတ်တဲ့ ယောင်းမင်းကတော့ သူ့တို့ရဲ့သူဌေးကို သတ်လိုက်မိပြီးတဲ့နောက်မှာတော့ ဒူဟျွန်းက ယောင်းမင်းအစား လူသတ်တရားခံနေနဲ့ ထောင်ထဲမှာ ၁၀ နှစ်တိုင် နေခဲ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်မွေးကင်းစသမီးလေးနဲ့ ဇနီးကို ပစ်ထားခဲ့ရပြီး ထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲကထွက်လာတဲ့အခါမှာတော့ သာမန်ဘဝလေးနဲ့ နေထိုင်ဖို့ လုပ်ထားခဲ့ပေမယ့်လည်း ကံတရားက ဒူဟျွန်း ကို ခွင့်မပြုခဲ့ပြန်ပါဘူးတကယ့်မှင်စာအစစ်ဖြစ်တဲ့ ဒူဟျွန်းတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူ မှင်စာလို့ ခံယူထားတဲ့ ယောင်းမင်းဟာ ဒူဟျွန်းရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တဲ့အခါ ဒီပြဿနာကို ဒူဟျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲသမီးလေးကို ကယ်တင်ဖို့ ရက်စက်တဲ့မှင်စာဘဝကို ပြန်သွားမှာလား ဒါမှမဟုတ် ဘယ်လိုများ အဖြေရှာဆောင်ရွက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ဂန်ဒူဟျွန်းအနေနဲ့ မင်းသားကြီး Jo ...
movie

The Goblin (2022)

2022
Go Back (2021)
Go Back (2021) Go Back (2021)"လောကကြီးမှာ မွေးဖွားလာတဲ့ ကလေးတွေအကုန်လုံး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်"ဆိုးလ်မြို့မှာ ထူးဆန်းတဲ့ "ဝမ် ၁၀၀၀ ပြန်ပေးဆွဲမှု" ဆိုတာ ပေါ်လာခဲ့ပါတယ်။ ပြည်သူတစ်ဦးကို ဝမ် ၁၀၀၀ ပို့ပေးဖို့ နဲ့ အဲဒီငွေတွေကို စုပြီး တစ်ပတ်အတွင်း ဝမ်၁သန်း ပြည့်အောင် မပေးနိုင်ရင် ပြန်ပေးဆွဲထားတဲ့ ကလေးကို သတ်ပစ်မယ်ဆိုပြီး မထင်မှတ်ထားတဲ့ ပြန်ပေးဆွဲမှုပါပဲ။လူမှုဝန်ထမ်းတစ်ဦးဖြစ်တဲ့ အူဆွန်း ကနေ စောင့်ရှောက်ပေးနေတဲ့ ဘိုရာဆိုတဲ့ ကလေးတစ်ယောက် ရှိပါတယ်။ အဲဒီကလေးကို သူ့အဖေက ညှင်းပန်းနှိပ်စက်တယ်လို့ အူဆွန်းက သံသယဝင်လို့ သူ့အဖေနဲ့ အူဆွန်း ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ဘိုရာ့အဖေ ရုတ်တရက် အသတ်ခံရပြီး ဘိုရာလည်း ပျောက်သွားခဲ့ပါတယ်။ဘိုရာ့အဖေ သေဆုံးမှုကို စုံစမ်းနေတဲ့ ရဲဝန်ထမ်းတွေက အူဆွန်းကို သံသယဝင်လာသောအခါမှာတော့ .....သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တတ်သူတွေအတွက် ခံတွင်းတွေ့စေမယ့် ကိုရီးယား Crime, Drama ကားကောင်းတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Yeong ...
movie

Go Back (2021)

Ghost Walk ( 2019 ) 6.1
Ghost Walk ( 2019 ) "ဝိညာဉ်တွေမှာ နက်ဖြန်ဆိုတာ မရှိဘူးတဲ့ အဲ့ဒါကြောင့် ပျောက်ကွယ်မသွားအောင်မနေ့ကအချိန်ကို တွယ်ကပ်နေတတ်ကြတယ်" ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ဟေးဂျောင်ဆိုတဲ့ ဝိညာဉ်မလေးဟာ အသတ်ခံရပြီးသတိမေ့မျောနေချိန်မှာ အသက်ရှင်ချင်လွန်းပြီး သူ့ရဲ့ နေ့ရက်တွေကိုအနောက်ကို တဖြည်းဖြည်းချင်းပြန်သွားတဲ့ ပုံစံမျိုးလေး ရိုက်ကူးတင်ဆက်ထားတာပါဇာတ်လမ်းအကြောင်းအရာလေးကတော့... ဟေးဂျောင်ဟာ မိသားစုကို စွန့်ခွာပြီးတစ်ကိုယ်တည်း ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ သူဟာ လက်ထပ်ဖို့ရောရည်းစားထားဖို့ရော စိတ်ကူးမရှိဘဲနဲ့ ဘဝကို အလုပ်လုပ်ရင်းအဓိပ္ပါယ်မရှိစွာဖြတ်သန်းနေတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့ တစ်နေ့ သူအသတ်ခံရပြီး မေ့မျောနေချိန်မှာတော့ သူရဲ့ ဘဝကိုတန်ဖိုးထားရကောင်းမှန်းသိပြီး အသက်ရှင်ချင်လာပါတော့တယ်အဲ့ဒီနောက်မှာ ဟေးဂျောင်အနေနဲ့ သူ အသတ်မခံရဖို့အတွက်အရင်ရက်တွေကို ပြန်သွားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်းစားဖွယ်ကြည့်ရှုရမှာပါ Quality : WEB-DL 720pFormat : mp4Filesize : 970 MBDuing : 1h 30minGenres : Drama , FantasySubtitle : Myanmar Subtitle ( Hardsub )Translator ...
movie

Ghost Walk ( 2019 )