Channel Myanmar

Gandhi Fernando

Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
Zodiac: What’s Your Sign? (2023) 6.8
Zodiac: What’s Your Sign? (2023)  အားလုံးပဲ ကိုယ်ရဲ့ Zodiac signနဲ့ ကိုယ့်ဖူးစာဖက် ရေစက်ပါမပါစစ်ကြည့်ဖူးကြတယ်မလား...။လိုက်ဖက်ညီတဲ့အတွဲဆို တစ်မျိုး တစ်ဖုံရင်ခုန်ရသလို၊ မလိုက်ဖက်ဘူးဆိုရင်လည်း အတွေးကြပ်ရပြန်ရောလေ...။ဒီဇာတ်ကားလေးထဲမှာတော့ Zodiac signလေးတွေနဲ့အညီ ဖူးစာဖက်ရှာမယ့်ကောင်မလေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ...။Zodiacရာသီခွင်က ၁၂ ခုရှိတာဆိုတော့ ကောင်လေးကလည်း ၁၂ ယောက်နဲ့သူတို့ရဲ့ အမူအကျင့် ၁၂မျိုးကို မြင်တွေ့ရမှာပါ...။ ဇာတ်လမ်းအကျဥ်းကတော့ အေရီရယ်ဟာ ခြေအိတ်ဆိုင်ပိုင်ရှင်လေးဖြစ်ပြီးအကြွေးဝိုင်းဝိုင်းလည်နေတာကြောင့် ဆိုင်ကို အကြွေးနဲ့သိမ်းခံရမယ့်အခြေအနေရောက်နေပါပြီ...။ဒီတော့ ပိုက်ဆံရှာဖို့အတွက် ယုံတမ်းစကားပြိုင်ပွဲလေးတစ်ခုကိုဝင်ပြိုင်ပါလေရော...။ပြိုင်ပွဲအကြောင်းအရာက ပတ်ဝန်းကျင်မှာ ပြောနေကျ ယုံတမ်းစကားတစ်ခုခုကိုဟုတ်လားမဟုတ်လား ဘလော့လေးရိုက်ပေးရမှာပါ...။အေရီရယ်ဟာ ဒီပြိုင်ပွဲအတွက် zodiacအရ မလိုက်ဖက်လည်း ဖူးစာဖက်ဖြစ်နိုင်ကြောင်းသက်သေပြတဲ့ ဘလော့လေးရိုက်ဖို့ zodiac sign 12မျိုး၊ ကောင်လေး ၁၂ယောက်နဲ့ချိန်းတွေ့ပါတော့တယ်...။အေရီရယ်တစ်ယောက် ဖူးစာဖက်ဆိုတာ zodiac signပေါ်ပဲ မမူတည်ကြောင်းသက်သေပြသွားနိုင်မလား၊ သူရဲ့ဖူးစာဖက်ဖြစ်လာမယ့်ကောင်လေးကရောဘယ်signလေးဖြစ်မလဲဆိုတာ ဟော့ဒီ Indonesian Comdey Romancemovie လေးထဲမှာ ကိုယ်တိုင်လိုက်ပါကြည့်ရှုလို့ရပါပြီ...။  File size…1.42GB / 685MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. ...
movie

Zodiac: What’s Your Sign? (2023)

Dongeng Mistis (2018) 6.7
Dongeng Mistis (2018) Dongeng Mistis (2018) .............................................ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie

Dongeng Mistis (2018)

2018