Channel Myanmar

Gardo Versoza

[18+] Ang Kabit Ni Mrs. Montero (1999) 6
[18+] Ang Kabit Ni Mrs. Montero (1999) Ang Kabit Ni Mrs. Montero (1999)ကယ်လ်မွန်တယ်ရိုဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူဌေးကြီးတစ်ဦးဟာ ဆိုင်ကယ်မတော်တဆမှုနဲ့ အောက်ပိုင်းသေသွားခဲ့ပြီး နယ်မှာရှိတဲ့ သူ့ရဲ့စံအိမ်ကြီးမှာ ကုသမှုခံယူရင်း အနားယူဖို့ပြန်သွားခဲ့ပါတယ်။ သူနဲ့အတူ သူ့ကိုပြစုကုသပေးမယ့် ကုထုံးပညာရှင် အန်နီနဲ့ သူ့ချစ်ဇနီးဂေလ် ဆိုတဲ့ မိန်းမလှနှစ်ဦးလည်းပါလာခဲ့ပါတယ်။ကယ်လ်က ငွေကြေးချမ်းသာသလောက် မောက်မာရိုင်းစိုင်းပြီး ရက်စက်သူတစ်ဦးပါ။ လိင်ကိစ္စနဲ့ပတ်သက်ရင်လည်း ရမ္မက်ကြီးပြီး ပုံမှန်ထက်ထူးခြားတဲ့ကိစ္စမျိုးတွေကိုလည်း စိတ်ဝင်စားတဲ့အတွက် သူ့ဇနီးကိုတစ်ခြားသူတွေနဲ့လိင်ဆက်ဆံခိုင်းပြီး ထိုင်ကြည့်တာမျိုးကအစ လုပ်လေ့ရှိတဲ့သူမျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းသူ့ရဲ့ရက်စက်မှုတွေ၊ မောက်မာမှုတွေကိုစိတ်ကုန်စပြုလာတဲ့ ချစ်ဇနီးဟာ ကယ်လ်ရဲ့ခြံကျယ်ကြီးထဲက အလုပ်သမားကောင်လေးတစ်ဦးဖြစ်တဲ့ ဆတော်ဆိုတဲ့လူငယ်လေးနဲ့ ချစ်ကြိုးသွယ်မိပါတော့တယ်။နာမည်ကျော်ဂန္ထဝင် Erotic Literature တစ်ပုဒ်ဖြစ်တဲ့ Lady Chatterley's Lover ကိုအလွတ်တမ်းအခြေခံပြီး ဖိလစ်ပိုင်မှုပြုထားတဲ့ကားပါ။ အဲဒီခေတ်အခါက ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ Patricia Javier တို့၊ Sunshine Cruz တို့လိုမင်းသမီးကြီးတွေရဲ့ ငယ်နုစဉ်အလှကို တစ်၀ကြီးငေးမောခွင့်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] Ang Kabit Ni Mrs. Montero (1999)

1999
Third World Romance (2023) 6.1
Third World Romance (2023)  ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။...ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကားရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင်အသက်ရှင်နေရတာပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့်အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာအလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ကြုံရတဲ့အခါ...  File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Third World Romance (2023)

(18+) Bata Pa Si Sabel 5
(18+) Bata Pa Si Sabel (18+) Bata Pa Si Sabelဆာဘယ်ဟာချစ်ရသူနဲ့မင်္ဂလာပွဲဆင်နွှဲပြီး စိတ်ကူးယဉ်အိမ်မက်တွေနဲ့ ပျော်ရွှင်နေတဲ့ နှစ်ဆယ်ကျော်စ မိန်းမငယ်လေး။ နှစ်ဘက်မိဘကလဲသဘောတူကြည်ဖြူ ဖြောင့်ဖြူးတဲ့အနာဂတ်လမ်းမှာ ပူပင်စရာ စိုးစဉ်းမှမရှိတဲ့သူ။ အဲ့ဒီလိုသာယာတဲ့ဘဝထဲကို မှောင်မိုက်တဲ့အချိုးအကွေ့တစ်ခုဟာ သူ့ရဲ့မင်္ဂလာဦးညမှာပဲမျက်နှာဖုံးစွပ်ပြီးရောက်လာခဲ့ပါတယ်။လူသုံးယောက်၊ သူ့ခင်ပွန်းကိုချုပ်နှောင်ထားပြီး သူ့ကိုတစ်ယောက်တစ်လှည့်စီမုဒိမ်းကျင့်ကြတယ်၊ မခံမရပ်နိုင်ရုန်းကန်နေကြတဲ့ သူတို့နှစ်ယောက်လုံးအပေါ်လက်လွန်သွားတဲ့နောက် နှစ်ယောက်လုံးကိုအဝတ်ပတ်ခဲဆွဲပြီး ငါးဖမ်းလှေတစ်စီးပေါ်ခေါ်တင်၊ ပင်လယ်ထဲပစ်ချခဲ့ပါတယ်။ အသက်ပြင်းတဲ့ဆာဘယ်ဟာ သတိလစ်မသွားခင်မှာသူ့အပေါ်ကျူးလွန်ခဲ့တဲ့လက်သည်တွေကိုမြင်သွားခဲ့ပြီး ကံကောင်းထောက်မစွာ ကယ်တင်ရှင်နဲ့တွေ့ခဲ့တယ်။ အဲ့ဒီကယ်တင်ရှင်ဟာလဲ သူ့လိုပဲ ဘုံရန်သူတစ်စုအပေါ်အငြိုးအတေးတွေနဲ့ ဇာတ်မြုပ်နေခဲ့တဲ့သူတစ်ယောက် ဖြစ်နေတာကိုသိရတဲ့နောက်၊ အဲ့ဒီလူယုတ်မာတစ်စုအတွက်ကလဲ့စားကိုစနစ်တကျပြင်ဆင်ပါတော့တယ်။ အားလုံးရင်းနှီးလောက်ကြမယ့် I spit on your grave ဇာတ်ကားတွေနဲ့ဇာတ်လမ်းသွားချင်းဆင်ပါတယ်။ အဲ့ဒီကားတွေလိုပဲကြမ်းတမ်းရက်စက်သလိုညစ်ပတ်တဲ့နေရာမှာလဲ မှီပါတယ်။ မှီရုံတင်မက တစ်ချို့နေရာတွေမှာပိုသာကောင်းသာနေလောက်ပါတယ်။ မုဒိမ်းခန်းတွေရောကလဲ့စားချေတဲ့အခန်းတွေရော ကြမ်းတမ်းရက်စက်ပွင့်လင်းလွန်းတာအပြင် အမျိုးသားထုကြီးအတွက်စိတ်မသက်မသာဖြစ်စရာ၊ ရှေ့ရောနောက်ရောကျိန်းချင်စရာဇာတ်ဝင်ခန်းတစ်ချို့ကြောင့် ၂၁ နှစ်အောက်အသည်းငယ်သူများမကြည့်သင့်ပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.76GB | 860MB | 410MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

(18+) Bata Pa Si Sabel

2022