Channel Myanmar

Gary Daniels

Hunt to Kill (2010) 5.1
Hunt to Kill (2010)  တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာအလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34%သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုးတစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာကအဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကိုလိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှားရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင်ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သားအဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်းဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle ...
movie

Hunt to Kill (2010)

Tekken (2010)
Tekken (2010) ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြားရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေကတစ်နှစ်တစ်ခါ စုစည်းပြီး "သံမဏိလက်သီး"​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကိုကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာတစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။  အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးကဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင်​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင်မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက်အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…    2 GB /  1 GB Quality… BluRay 1080p / ...
movie

Tekken (2010)

Tekken 2: Kazuya’s Revenge (2014)
Tekken 2: Kazuya’s Revenge (2014) ဒီကားက​တော့ ပထမထွက်ခဲ့တဲ့Tekkenကားရဲ့ နံပါတ်နှစ်ကားပါ။ ဒုတိယကားဆို​ပေမဲ့ ပထမကားနဲ့ မဆိုင်​သလို ဇာတ်လမ်းကလည်း Live actionကားပီသစွာပဲ ပထမကား​ခြေရာကို နင်းနိုင်တဲ့အပြင် ပို​တောင်သာဦးမယ် ထင်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်​ယောက်က အခန်းတစ်ခုထဲနိုးလာတယ်။ အဲဒီအချိန် ရဲ​တွေကဝင်ဖမ်းလို့ ထွက်​ပြေးရင်းကားတိုက်မိပြီး ​မေ့သွားတယ်။သတိရလာ​တော့ ဘုန်း​တော်ကြီးဆိုတဲ့ လူတစ်​ယောက်ဖမ်းထားတာကို ထပ်ခံရတယ်။ ဘုန်း​တော်ကြီးက နာမည်​မေး​တော့သူ့နာမည်သူမသိသလို သူ့ဘဝအ​​ကြောင်းကိုလည်း မမှတ်မိပါဘူး၊ ဒါနဲ့ပဲ ဘုန်း​တော်ကြီးက သူ့ကို "​ကေ"လို့ နာမည်​ပေးလိုက်ပြီး သူ့ရဲ့​ကြေးစားအလုပ်​တွေ လုပ်ခိုင်းပါ​တော့တယ်။ဘုန်း​တော်ကြီးဆိုတဲ့လူကလူ​ကောင်းမဟုတ်​​နေဘဲ ​​ပိုက်ဆံယူပြီး လူသတ်တဲ့အလုပ်ကိုအဖွဲ့အစည်းနဲ့ လုပ်​နေတာပါ။ အတိတ်​မေ့​နေတဲ့ ​ကေက ဘုန်းကြီးခိုင်းတဲ့ အလုပ်​​တွေလုပ်ပြီး လူ​တွေလိုက်သတ်ရင်း သူ့ဘဝအမှန်ကိုပြန်သတိရ​အောင်၊ ဘုန်း​တော်ကြီးရဲ့ ခိုင်းဖက်ဘဝက လွတ်​အောင်ကြိုးစားရပါ​တော့တယ်။ ​ကေရဲ့ဘဝအမှန်ကဘာလဲ၊ သူအတိတ်​မေ့​နေတဲ့ အ​​ကြောင်းရင်းကဘာလဲ၊ သူ့ကိုဖမ်းဆီးထားတဲ့ ဘုန်း​တော်ကြီးလက်က လွတ်​အောင်ဘယ်လိုကြိုးစားရမလဲဆိုတာ ဂိမ်းနာမည်မျက်နှာ ​ထောက်ထားပြီးကြည့်လိုက်ကြပါဦး။  File size…    1.2 GB /  694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... ...
movie

Tekken 2: Kazuya’s Revenge (2014)

City Hunter (1993) 6.3
City Hunter (1993)  ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ------------------------------------------------------------------------ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ File size…(2.3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, ...
movie

City Hunter (1993)

Across the Line: The Exodus of Charlie Wright (2010) 5.2
Across the Line: The Exodus of Charlie Wright (2010) Across the Line: The Exodus of Charlie Wright (2010) ======================================ချာလီရိုက်စ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သူပါ။ အက်ဖ်အိုင်က လိုက်ဖမ်းပေမယ့် မမိခဲ့ပါဘူး။ ဒီလိုနဲ့ ချာလီ လည်း ခြေရာဖျောက်ပြီး မက္ကဆီကို နိုင်ငံထဲက တီဟွာနာဆိုတဲ့ မြို့မှာ ပုန်းနေ ခဲ့ပါတယ်။ တကယ်တမ်းမှာ ချာလီက လူတစ်ယောက်ကို လိုက်ရှာနေခဲ့တာပါ။ဒါပေမယ့် မက္ကဆီကိုက ဂိုဏ်းတစ်ဂိုဏ်းက သူ့ဆီကနေ ပိုက်ဆံကိုလိုချင်လို့ လိုက်ဖမ်းပါတော့တယ်။ ချာလီလိမ်သွားခဲ့တဲ့သူတွေထဲက ရုရှားမာဖီးယား ဂိုဏ်းခေါင်းဆောင်ဟာလည်း ကြေးစားတွေ လွှတ်ပြီး ချာလီ့ကို ဖမ်းခေါ်ခိုင်း ပါတယ်။ ဒီလိုနဲ့ ချာလီတစ်ယောက် ဒေသခံဂိုဏ်း၊ အက်ဖ်ဘီအိုင်နဲ့ ကြေးစား တွေ လက်ထဲကနေ လွတ်အောင် ပြေးဖို့ ဖြစ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.87 GB) / (777 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, ...
movie

Across the Line: The Exodus of Charlie Wright (2010)

2010
Bring Him Back Dead (2022) 4.3
Bring Him Back Dead (2022) Bring Him Back Dead (2022) ======================အက်ရှင်မင်းသားကြီး Gary Danielsပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ပရိသက်တွေ အကြိုက်တွေ့မယ့် ကားလေးပဲဖြစ်ပါတယ်။ ထရန့်ဆိုတဲ့လူက ဘဏ်တစ်ခုကနေ စိန် တွေခိုးဖို့အတွက် ဂိုဏ်းအဖွဲ့တစ်ခုကိုခိုင်းခဲ့ပါတယ်။ဒါပေမယ့် အဲဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အဖွဲ့ကို သစ္စာဖောက်ပြီး စိန်တွေကိုယူသွားခဲ့ပါတယ်။ အဲ့တော့ထုံးစံအတိုင်း ဂိုဏ်းကနေ သူတို့စိန်တွေကိုပြန်ယူနိုင်မလား၊ အဲလက်စ်ကရော ဘာလို့သစ္စာဖောက်ရတာလဲ၊ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးကို အက်ရှင်ကောင်းကောင်းနဲ့မြင်ရမဲ့ "Bring him back dead"ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်) File Size..........(1.81 GB) / (841 MB) / (576 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Moe Phway Cherry Encoder..........SWM
movie

Bring Him Back Dead (2022)

The Expendables (2010) 6.5
The Expendables (2010) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

The Expendables (2010)

2010
HEVC 1080p 5.1
I Am Vengeance (2018) 4.0
I Am Vengeance (2018) ၂၀၁၈ထွက်​အက်​ရှင်​ကား​လေးပါအက်​ရှင်​ကားကြည်​့ချင်​သူ​တွေအတွက်​တင်​​ပေးလိုက်​ပါတယ်​ဇာတ်​လမ်​းအကျဉ်​းက​တော့ ဆာဂျင်​​ဒန်​နှီရယ်​မေဆန်​​သေတဲ့တဲ့ကိစ္စနဲ့စပါတယ်​သူဘာ​ကြောင်​့​သေလဲ ဘယ်​လို​သေခဲ့တာလဲ သူ့အ​ဖေ​ရော အ​မေပါဘာလို့ပစ်​သတ်​ခံရတာလဲဆိုသိ​အောင်​လုပ်​ဖို့အတွက်​ ဂျွန်​ဆိုတဲ့လူကဒီဗိုရှင်​းဆိုတဲ့မြို့​လေးကို​ရောက်​လာပါတယ်​သူနဲ့တွဲဖက်​စစ်​ဆင်​​ရေးအတူတူလုပ်​ဖူးတဲ့​ဒန်​နီရယ်​မေဆန်​ ​မေဆန်​ရဲ့အ​ဖေကလည်​းအရင်​ကဂျွန်​ရဲ့အထက်​အရာရှိ အဲ့လိုပက်​သက်​မှု​တွေရှိ​နေတဲ့ဂျွန်​ဟာ သူ့လုပ်​​ဖော်​ကိုင်​ဖက်​​တွေအသတ်​ခံလိုက်​ရတဲ့အတွက်​လက်​စား​ချေဖို့​ရောက်​လာတယ်​မြို့မှာစုံစမ်​းလိုက်​တဲ့အခါ အထူးစစ်​ဆင်​​ရေးတပ်​ဖွဲ့ကမူးယစ်​​ဆေး​တွေလုပ်​​နေတာကိုဒန်​နီရယ်​က​သိသွားပြီးအထက်​ကိုတိုင်​ခါနီးမှာသိသွားတဲ့အတွက်​အသတ်​ခံရလိုက်​တယ်​အထူးစစ်​ဆင်​​ရေး​ခေါင်​း​ဆောင်​မူးယစ်​​ဆေး​တွေဦး​ဆောင်​ပြီးလုပ်​​နေတဲ့ဟတ်​ချာကဒန်​နီရယ်​အထက်​ကိုတိုင်​မယ်​ဆိုတာဘယ်​လိုသိသွားလဲဆို​တော့ ဆန်​ဒရာဆိုတဲ့မူးယစ်​​ဆေးစွဲ​နေတဲ့​ကောင်​းမ​လေး​ကြောင်​့ပဲ ဒန်​နီရယ်​ကဆန်​ဒရာကိုယုံကြည်​တဲ့အတွက်​အကုန်​​ပြောပြတယ်​ဆန်​ဒရာ​တော့သူ့မိတ်​​ဆွေကိသ်​ဆိုတဲ့​ဆေးသမားတစ်​​ယောက်​ပြန်​​ပြောတဲ့အခါမှာ ​ဆေးသမားတို့ထုံစံအတိုင်​း​ဟတ်​ချာကိုသွားသတင်​း​ပေးလိုက်​​တာ​ပေါ့အဲ့ဒါ​ကြောင်​့ဆန်​ဒရာဟာသူ့အပြစ်​မကင်​းဘူးဆိုတဲ့​ကြောင်​့ဂျွန်​စုံစမ်​းတဲ့​နေရာမှာလိုက်​ကူညီ​ပေးတယ်​ ရန်​သူရဲ့​နေရာ​တွေသိသွားတဲ့အခါမှာ​တော့ဂျွန်​တစ်​​ယောက်​လက်​စားပြန်​​ချေတာ​အောင်​မြင်​သွားလားအ​ကြောင်​းစုံကိုသိပြီး​နောက်​ပိုင်​းမှာဆန်​ဒရာ​ကြောင်​့သူ့လုပ်​​ဖော်​ကိုင်​ဖက်​ဒန်​နီရယ်​​သေသွားတာကိုသိသွားတဲ့အခါမှာ​တော့ ဆန်​ဒရာတစ်​​ယောက်​ဘာ​တွေဖြစ်​မလဲဆိုတာ CM ပရိတ်​သတ်​ကြီးပဲဆက်​ကြည်​့​ပေးပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie

I Am Vengeance (2018)

2018