Channel Myanmar
Gary Lydon
Barber (2023) 5
Barber (2023) Barber (2023)~ IMDb - 5/10, Rotten Tomatoes - 75% ~ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ "Little Finger" သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်‌ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe ...
movie
Barber (2023)
2023
The Guard (2011) 7.3
The Guard (2011)  ဒီကားလေးကတော့ Oscar ဆုပေါင်းများစွာရခဲ့တဲ့ Director Martin McDonagh ရဲ့ညီဖြစ်သူ ဇာတ်ညွှန်းဆရာ John McDonagh ကပဲ ရေးသားရိုက်ကူးထားတဲ့ action-comedy ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားကတော့ 2012 မှာ IFTA award နဲ့ BAFTA awardတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာကတော့ Brendan Gleeson ဖြစ်ပြီးတော့ ဇာတ်ညွှန်းဆရာ John McDonagh နောက်အနေနဲ့ ရေးသားတင်ဆက်ထားတဲ့ ရုပ်ရှင် နှစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ ဇာတ်ညွှန်းဆရာ Martin McDonagh တင်ဆက်ထားတဲ့ "In Bruges" ထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။~ ဇာတ်လမ်း အကျဥ်း ~ ဒီကားထဲမှာတော့ Main သရုပ်ဆောင်အနေနဲ့ Brendan Gleeson က ဘယ်အခြေအနေကိုမှအတည်လို့ ရဲစောင့်တစ်ယောက်အနေနဲ့သရုပ်ဖော်ပြထားပါတယ်။ တစ်နေ့မှာ ရဲစောင့်အသစ်ကဌာနကိုရောက်ရှိလာတဲ့နေ့မှာ သူတို့နှစ်ယောက်သား လူသတ်မှုတစ်မှုရဲ့ မှာခင်းကို ...
movie
The Guard (2011)
Michael Collins(1996) 7.1
Michael Collins(1996) Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie
Michael Collins(1996)
The Banshees of Inisherin (2022) 8.1
The Banshees of Inisherin (2022) The Banshees of Inisherin (2022)ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ...
movie
The Banshees of Inisherin (2022)
2022
Calvary 2014 7.4
Calvary 2014 ဖာသာဂျိမ်းက လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကြိုးစားနေထိုင်ခဲ့သူပေါ့။ တစ်ရက်မှာတော့ သူတာဝန်ထမ်းဆောင်ရာ ကက်သလစ်ဘုရားကျောင်းကို လူတစ်ယောက် ရောက်လာပြီး အပြစ်ဝန်ခံ အပြစ်ဖြေတာလာလုပ်ပါတယ်။ ဒီလို ဝန်ခံမှုလုပ်တဲ့အခါ တစ်ဖက်လူကို ဘုန်းတော်ကြီးတွေက မသိရတာ များပါတယ်။ အဲဒီလူက သူငယ်ငယ်က ဘုန်းကြီးတစ်ပါးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေရောက်ရင် ကမ်းခြေမှာ ဂျိမ်းကို လာသတ်မယ်ဆိုတဲ့အကြောင်းပါ အသိပေးသွားပါတယ်။ ဒီလိုလုပ်ရတာက ဘုရားကျောင်းအဖွဲ့အစည်းအတွက် ဘုန်းကြီးဆိုးတွေကို သတ်တာထက် ဂျိမ်းလို ဘုန်းကြီးကောင်းတွေကို သတ်တာက ပိုထိခိုက်မှာပဲလို့ ယူဆတယ်လို့ သူက ဆိုသွားပါတယ်။ ဖာသာဂျိမ်းက သူ့အထက်က ဘုန်းတော်ကြီးကို ဒီအကြောင်း လျှောက်တင်တဲ့အခါ ရဲတိုင်ဖို့ မတိုင်ဖို့က ကိုယ်တိုင် ဆုံးဖြတ်ဖို့အကြောင်းကိုပဲ ပြောသွားပြီး ဘာတာဝန်မှ မယူသွားပါဘူး။ တစ်ပတ်အတွင်းမှာ ဂျိမ်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘဝအတွက် ဘာတွေ ...
movie
Calvary 2014
Brooklyn (2015) 7.5
movie
Brooklyn (2015)
The Hallow (2015) 5.7
The Hallow (2015) နာနာဘာဝ ၀ိနာဘာဝတွေ ကျတ်တွေ တစ္ဆေတွေ ပါတဲ့ဇာတ်လမ်းကောင်းတစ်ကားကိုWeekend မှာ ဖီးလ် ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။CGI Effect တွေပီပြင်ပြီး ခြောက်ခြားစရာကောင်းလှသမို့ ကြိုတင် သတိချပ်ပါရစေ။အိုင်ယာလန် နိုင်ငံရဲ့ သစ်တောကြီးက ဒေသခံတွေဖိန့်ဖိန့်တုန်အောင်ကြောက်နေရပါတယ်။သစ်တောကြီးက နက်ရှိုင်းလှပြီး ကြီးမားကျယ်ပြန့်လှပါတယ်။အာဏာပိုင်တွေက နိုင်ငံ့စီးပွါးရေးအတွက် သစ်တောကြီးကို ပုဂ္ဂလိက ကုမ္ပဏီထံရောင်းနေသော်လည်းဝယ်မည့် ကုမ္ပဏီ မရှိပါချေ။အဘယ့်ကြောင့်ဆိုသော် ဒေသခံတွေရဲ့ ခြိမ်းခြောက် ဝေဖန်ပြောဆိုမှု့တွေကြောင့်ပင်။ဒေသခံတွေရဲ့ ပြောစကားတွေကတော့ သူတို့ဒေသက သစ်တောကြီးက နာနာဘာဝ ၀ိနာဘာဝတွေ ဖြစ်တဲ့ "ကျတ်" တွေ ပိုင်စိုးထားပါတယ်တဲ့။မိမိတို့ မျက်မြင်ကိုယ်တွေဖြစ်ပြီး မိမိ မိသားစုတွေလည်း လှည့်ဖျားပြီးခေါ်ဆောင်သွားကြကြောင်း ဒေသခံတွေက ရှင်းပြကြပါတယ်။ဒါပေမဲ့ ဗြိတိလျှပိုင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက သစ်ပင်နှင့်သစ်တော ကျွမ်းကျင်ပညာရှင် အဒမ် တို့မိသားစုကို ငှားရမ်းပြီး သစ်တောကို စနည်းနာဖို့ စေလွှတ်လိုက်ပါတယ်။အဒမ် ကတော့ ခေတ်ပညာတက်ပီပီအကြောက်အလန့်မရှိ သစ်တောထဲကို သားလေး ဖင်း နဲ့လေ့လာရေးတွေ ...
movie
The Hallow (2015)
2015