Channel Myanmar

Gaspard Ulliel

It’s Only the End of the World (2016) 6.8
It’s Only the End of the World (2016) It's only the end of the world (2016) ဒီတစ်ခါတော့ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jean-Luc Lagarce ရဲ့(function(f,b,n,j,x,e){})();It's only the end of the world ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားတဲ့ drama ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb rating 6.8, Rotten Tomatoes rating 44% နဲ့FilmAffinity rating 6.2 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အကြောင်းမျိုးစုံကြောင့် အိမ်ကနေ ထွက်လာခဲ့တဲ့ လူဝီက မိသားစုနဲ့စာအပေးအယူဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ စာအပေးအယူလို့ ပြောပေမယ့်လည်း လူဝီကတော့နှစ်လုံး သုံးလုံးလောက်ပဲ ပြန်ရေးပေးတတ်တာမျိုးပါ။ ဒီလိုမျိုး ၁၂ နှစ်တိုင်တိုင်ကြာသွားတဲ့အချိန်မှာတော့လူဝီ့မှာ သေလုမြောပါး‌ရောဂါရှိနေကြောင်း သိလာရပါတော့တယ်။ခလုတ်ထိမှ အမိ တ ဆိုသလိုပဲ လူဝီတစ်ယောက်သေရတော့မှာကို သိတဲ့အချိန်မှ မိသားစုအိမ်ကိုပြန်ပြီးမိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ပါတော့တယ်။သွေးသားအရင်းအခြာတွေဆိုပေမယ့် နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အတွက်သူစိမ်းသာသာဆက်ဆံရေးပဲရှိတော့တဲ့ကြားကလူဝီတစ်ယောက် ဘယ်လိုမျိုး ...
movie

It’s Only the End of the World (2016)

2016
More Than Ever (2022) 7
More Than Ever (2022) More Than Ever (2022)~ IMDb - 7/10, RT - 91%, Meta - 73% ~၂၀၂၂ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ် စကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ သေရမယ်ဆိုပေဲ့ မသေခင် ရှင်သန်ရမယ့်ဘဝအကြောင်း၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါပဲ။ သေရမယ်ဆိုတဲ့အသိဝင်သွားတာနဲ့ တပြိုင်နက် ဘဝတစ်ခုကို ဘယ်လို ခြောက်ခြားစေပြီးတော့ ဘယ်လို ပြန်လည်အားရှိစေလဲဆိုတာကို ရိုက်ပြသွားတာပါ။ ဘဝတစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားမှာ ပုံမှန်အားဖြင့် ကိုယ်ချစ်ရသူတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိချင်ပေမယ့် တကယ်တမ်းကျတော့ လိုအပ်ရင် တကိုယ်ကောင်းဆန်စွာနဲ့ပဲ တစ်ယောက်ထဲ သေဖို့ ရွေးချယ်မိတယ်။ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ...
movie

More Than Ever (2022)

2022
[18+]Sibyl(2019) 6.7
[18+]Sibyl(2019) [18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD
movie

[18+]Sibyl(2019)

A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)

Brotherhood of the Wolf (2001) 7.0
Brotherhood of the Wolf (2001) IMDb Rating (7.0) / Rotten Tomatoes (73%)ပြင်သစ်နိုင်ငံရဲ့ ဝေးလံတဲ့ပြည်နယ်တစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါဆိုးကြီးတစ်ကောင်သောင်းကျန်းလျက်ရှိပါတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေတဲ့ ဒီသတ္တဝါကြီးဟာအကောင်အထည်မမြင်ရ၊ အင်အားကြီးမားလွန်းပြီး လူသားတွေလိုထက်မြက်တဲ့ဉာဏ်ရည်မျိုးကိုပါ ပိုင်ဆိုင်နေတဲ့အတွက် ဘယ်သူမှမနှိမ်နင်းနိုင်သလို ဖမ်းဆီးမှုလက်ကလဲ အစဉ်တစိုက်၊ လွတ်မြောက်နေခဲ့တဲ့နောက် ဘုရင်လူးဝစ်ဟာ နာမည်ကျော် သိပ္ပံသဘာဝလောကဓာတ်ပညာရှင်တစ်ဦးနဲ့သူ့သွေးသောက်ညီအစ်ကို အီရိုကွားမျိုးနွယ်ဝင်တစ်ဦးတို့ကိုစေလွှတ်ပေးခဲ့ပါတယ်။ သူတို့ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာတွေနဲ့ ဒီသတ္တဝါကိုလက်ရဖမ်းဆီးဖို့နည်းလမ်းပေါင်းစုံ တွေးတောကြံဆခဲ့ပေမယ့် ဒီသတ္တဝါဟာ ဘယ်သူမှစဉ်းစားမထားနိုင်၊ မမျှော်လင့်နိုင်တဲ့ ဇစ်မြစ်၊ နက်ရှိုင်းတဲ့ အကြောင်းရင်းခံတွေရှိနေခဲ့တဲ့အခါ..။ဒီဇာတ်ကားဟာ သမိုင်းကြောင်း၊အက်ရှင်၊ သည်းထိတ်ရင်ဖို အစရှိတဲ့မတူညီတဲ့ အမျိုးအစားတွေပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်သလို စုံထောက်ကားကောင်းတစ်ကားကိုကြည့်နေရတဲ့ရသမျိုးကိုပါထပ်လောင်းခံစားရစေမှာလဲအသေအချာဖြစ်ပါတယ်၊ ဒီထက်ပိုပြောရင် ဇာတ်အရသာကိုထိခိုက်နိုင်မှာဖြစ်တဲ့အတွက်မပြောတော့ပါဘူး။ပြင်သစ်ကားဆိုပေမယ့် ကမ္ဘာရုပ်ရှင်လောကနဲ့မစိမ်းတဲ့သရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး အထူးခြားဆုံးပါဝင်သူတွေကတော့ အလှထိပ်ခေါင်တင်မမကြီး Monica Bellucci ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပါရာရာဝေးမင်းသားလို့ လူသိကြတဲ့ Mark Dacascos တို့ပဲဖြစ်ပါတယ်။တန်းမြင့် production values, ခမ်းနားတဲ့ရင်သပ်ရှုမောစရာရှေးခေတ်ပြင်သစ်ပြည်ရဲ့ ရှုမျှော်ခင်းတွေ၊ ရဲတိုက်ကြီးတွေနဲ့သေသပ်လှပတဲ့ cinematography တွေနဲ့သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်၊ ဒါရိုက်တာရဲ့အားကောင်းတဲ့ စီစဉ်ညွှန်ကြားမှုတွေဟာ မချီးကျူးပဲမနေနိုင်စရာဖြစ်သလို၊ စီးပွားရေးအရကော အနုပညာအရပါအောင်မြင်မှုရခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ခန်းတွေနဲ့ ဆောင်ကြာမြိုင်တွင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်တော့ မိသားစုနဲ့ကြည့်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ File ...
movie

Brotherhood of the Wolf (2001)