Channel Myanmar

GaTa

Anyone But You (2023) 6.6
Anyone But You (2023) Anyone But You (2023)~ IMDb - 6.6/10, RT - 52%, Meta - 52% ~ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ...
movie

Anyone But You (2023)

2023
4K HEVC
Self Reliance (2023) 6.1
Self Reliance (2023) (function(f,b,n,j,x,e){})(); သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.32 GB)/(618 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... ...
movie

Self Reliance (2023)

House Party (2023) 4.4
House Party (2023) House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေ​ပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ ...
movie

House Party (2023)