Channel Myanmar

Gaurav Amlani

Shiddat (2021) 7.8
Shiddat (2021) Shiddat(2021) --------------Imdb 7.8/10အတော်လေး ရိုမန့်ဖြစ်တဲ့ရုပ်ရှင်ကားလို့ပြောရပါမယ်.အချစ်ကို ဘဝကြီးတခုလို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ၃၀ကျော်၄၀ဝန်းကျင် လူလတ်ပိုင်းတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းနှစ်ခုကို ဇာတ်လမ်းတပုဒ်အဖြစ် တွဲလျက် တင်ဆက်ထားပါတယ်...ဇာတ်လမ်းအကျဉ်း ------------------ဂျာဂီက ပျော်ပျော်နေတတ်တဲ့ အားကစားသမားတစ်ယောက်.တနေ့မှာတော့ ရေကူးနေတဲ့ ကာတီကာကို ကျောင်းမှာတွေ့ရင်းကာတီကာ့ကို ချစ်မိသွားတယ် ဆယ်ကျော်သက်အချစ်ဆိုပေမယ့်ဂျာဂီအချစ်က အတော်လေးလေးနက်ပါတယ်....ကာတီကာနဲ့ဂျာဂီတို့နှစ်ယောက်က သိပ်ကိုလဲ လိုက်ဖက်တဲ့စုံတွဲတွေပေါ့...ဒါပေမယ့် အချစ်စစ်တို့လမ်းဟာမဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း တနေ့မှာ ကာတီကာကလန်ဒန်က မိသားစုပြန်သွားရပြီး မထင်မှတ်ပဲ မိဘတွေရဲ့အိမ်ထောင်ချပေးခြင်ကို ခံလိုက်ရပါတယ်....ဂျာဂီလို အန္ဒိယမှာနေတဲ့လူအတွက် လန်ဒန်ဆိုတာသိပ်ဝေးလွန်းပါတယ်...ဒါပေမယ့် ဂျာဂီရဲ့အချစ်တွေကိုနယ်မြေအကွာအဝေးတွေက ကန့်သတ်မထားနိုင်ပါဘူး...ဂျာဂီက လန်ဒန်နဲ့အနီးဆုံးဖြစ်တဲ့ ပြင်သစ်ကို လမ်းလျှောက်လိုက်ကားကြုံစီးလိုက်နဲ့ ကီလိုမီတာပေါင်းထောင်ချီနေတဲ့ ပြင်သစ်ကို ရောက်အောင်သွားခဲ့ပေမယ့်ဗီဇာမပါတာကြောင့် အဖမ်းခံရပြီး သံရုံးကအရာရှိ ဂေါ်သမ်နဲ့ဆုံခဲ့ပါတယ်...ဂေါ်သမ်ကတော့ ကွာရှင်းမလို့ဖြစ်နေတဲ့ အိမ်ထောင်ရေးနဲ့ သွေးအေးသွားတဲ့အချစ်ရေးကြောင့် အချစ်ရေးကို အယုံအကြည်မရှိတဲ့ လူတစ်ယောက်ဖြစ်ပြီးဂျာဂီဘယ်လိုမှရှင်းပြမရတဲ့ လူစားမျိုးပါ...ဂျာဂီတစ်ယောက် လန်ဒန်ကိုရောက်အောင်သွားနိုင်မှာလား သူကြိုးစားသမျှကိုရော သူ့ကောင်မလေးက အသိမှတ်ပြုရဲ့လားသံအမတ်ဂေါ်သမ်ကရော ဂျာ့ဂီကို ပြည်နှင်ဒဏ်ပေးမှာလားးစတဲ့မေးခွန်းတွေနဲ့လူလေးဦးရဲ့ အချစ်အပေါ်ခံယူချက်တွေ ကြိုးစားပုံတွေ အမြင်တွေကိုချပြဖျော်ဖြေထားတဲ့ဇာတ်လမ်းတပုဒ်ဖြစ်ကြောင်း ညွှန်းချင်ပါတယ် File size…1.43GB /  2.36GB Quality…720p ...
movie

Shiddat (2021)

2021