Channel Myanmar

Gavin Free

Blood Fest (2018) 5.3
Blood Fest (2018)   ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို အရင်စပြောလိုက်ရအောင်…. Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်းနာမည်ပေးထားပါတယ်….. အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို ခြောက်လှန့်စေတာဖြစ်ပါတယ်… Vampire , Zombie , Clown , The Arborist , Red အစရွိတဲ့ နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်…. ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်… တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့ သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိင်္ုင်းတွေနဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက် အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ…. Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ…. ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး မဟုတ္ပါဘူး… တချို့အခန်းတွေက ကြောက်စရာကောင်းသလို  တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ….. ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့ သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ…. File Size : (879 MB)  Quality : WED DL 720p Running Time : 1hr 36min Format : ...
movie

Blood Fest (2018)

2018
Lazer Team 2 6.1
Lazer Team 2 ဒီကားလေးကတော့ သိပ္ပံဆန်ဆန်စိတ်ကူးယဉ်ဆန်ဆန်နဲ့ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားပါ...အာကာသထဲကိုခရီးတစ်ခုအတူတူထွက်ကြရင်းကနေသူတို့အားလုံးကိုယ်စီမှာ လေဆာလက်နက်ဆန်းတစ်ခုစီကိုရလာခဲ့ကြပါတယ်...ဒီလက်နက်တွေအကုန်လုံးကလည်း ဝတ်ပြီးရင်းပြန်ချွတ်လို့မရကြပါဘူး....ဒါကြောင့် သူတို့တွေအကုန်လုံးဟာ နေ့စဉ်လည်ပတ်နေတဲ့အချိန်ဇယားတွေကိုဒီလက်နက်ကြီးတွေဝတ်ပြီး အချိန်ကုန်နေခဲ့ရပါတယ်...ဒါပေမယ့် သူတို့ဒီလက်နက်တွေကိုချွတ်ဖို့အခွင့်ရေးတစ်ခုပေါ်လာပါတယ်...ဒါကတော့ သူတို့နဲ့အတူတူခရီးထွက်ခဲ့တဲ့သူတို့ရဲ့သူငယ်ချင်း ဝူဒီတစ်ယောက်အာကာသထဲကနေဂြိုလ်သားတွေရဲ့ပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်..ဒါကြောင့် သူတို့အားလုံးသူတို့ရဲ့သူငယ်ချင်းကိုပြန်လည်ကယ်တင်ဖို့အတွက်နောက်တခေါက်ပြန်ပြီးတော့ အာကာသထဲကိုခရီးပြန်ထွက်ကြမှာပဲဖြစ်ပါတယ်...ဒီကားလေးဟာ ကြည့်ရတဲ့လူတိုင်းအဖို့အမြင်တစ်မျိုးဆန်းစေမှာဖြစ်ပြီးတော့မိသားစုနဲ့အတူတူ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...File Size : (609 MB) ( 292 MB) Quality : Bluray 1080P Running Time : 1hr 26min Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source :Bluray 1080p Translated by Pone Thone Encoded by Moe Myint Lwin
movie

Lazer Team 2

2018