Channel Myanmar

Gayathri Iyer

Parundhaaguthu Oor kuruvi (2023) 7.6
Parundhaaguthu Oor kuruvi (2023) Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 ThrillerIMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Parundhaaguthu Oor kuruvi (2023)

2023
Raid (2018) 7.6
Raid (2018) ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (394 MB) Quality : WEB-DL 720p Running Time : 2hr 2min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0 DTOne Translated by Thura Zarni Aung Encoded ...
movie

Raid (2018)

2018