Channel Myanmar

Ge Tian

Phantom Wild Flower ( 2022 ) 5.9
Phantom Wild Flower ( 2022 ) Action ကြိုက်သူCMပရိသတ်ကြီးအတွက် ဟောင်ကောင်ဂျက်မ Naked Weapon စတဲ့နာမည်ကြီးကားတွေလိုပဲ မစ်ရှင်အောင်မြင်ဖို့အတွက်အလှအပမာယာတွေနဲ့ တိုက်ခိုက်စွမ်းရည်ပြည့်ဝတဲ့ မိန်းကလေးအထူးတပ်ဖွဲ့အကြောင်းကို ရိုက်ထားတဲ့အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်အိမ်ကတော့ဂျပန်တွေကျူးကျော်ဝင်လာတဲ့ မတည်ငြိမ်တဲ့ခေတ်ကာလကြီးကိုအခြေပြုထားတာပဲဖြစ်ပါတယ်။ လောကကြီးမှာဖက်တွက်စရာမရှိတော့တဲ့ အထီးကျန်မိန်းကလေးတွေ ပြည်သူတွေအေးချမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုပေးဆပ်ဖို့ဝန်မလေးတဲ့ မိန်းကလေးတွေကိုစုစည်းပြီး လျို့ဝှက်လေ့ကျင့်သင်တန်းပေးပြီး လျှို့ဝှက်ပြီးတရားမျှတတဲ့အမျိုးသမီးအထူးတပ်ဖွဲ့ကိုတည်ထောင်ထားဖြစ်ပါတယ်။သူတို့ဟာပန်းလေးတွေလိုပဲ လှပစွာညှို့ငင်ပြီး ရည်မှန်းချက်ကိုရအောင်ယူဖို့နည်းမျိုးစုံနဲ့လုပ်ကိုင်တတ်ကြသူတွေပါ။ မမလှလှတွေရဲ့ကြမ်းကြမ်းရမ်းရမ်း အက်ရှင်တွေအပြင် တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့တပ်ဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းကြားမှာ အချစ်ဆိုတဲ့ချိုမြတဲ့ခံစားချက်လေးဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ...... သူတို့ထင်မှတ်ထားတဲ့တရားမျှတခြင်းဟာ တရားမျှတမှုအစစ်အမှန်ဟုတ်ရဲ့လား...... အချစ်ဆိုတာကရောအချစ်စစ်ဟုတ်ရဲ့လား...... ရှေ့ဆက်ပြီးဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်မှာပဲဆက်လက်ကြည့်ရှုလိုက်ပါနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Phantom Wild Flower ( 2022 )

Invisible Tattoo ( 2022 ) 6
Invisible Tattoo ( 2022 ) Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ....သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင်ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကိုတင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ....ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်းအဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည်ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါဝင်ရောက်လာခဲ့တယ်...ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီးချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်းသက်သေမပြနိုင်ခဲ့ပါဘူး....ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလားချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာမြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့တိုက်တွန်းလိုက်ပါတယ်....  Quality : WEB-DL 1080p Format : mp4 Genres : Drama , Action Duration : 1h 44min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Invisible Tattoo ( 2022 )