Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Geetanand
8.1
Game On (2024)
Game On 2024 (ဘဝကစားပွဲ)ဆစ်ဒဟာ့သ်လို့ ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။သူ့ဘဝမှာလည်း အဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာဟူးလ်နဲ့ အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲ ရှိပါတယ်။ သူငယ်ချင်းကိုလည်း မရှိမဖြစ် အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင် အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းက ပေါင်းပြီးတော့ သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ်ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင် နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆိုပြီးပြောတဲ့ ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။ဒီလိုနဲ့ ဘဝမှာ အလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်ဖို့ ထွက်လာတဲ့လမ်းမှာတောင် ဓားပြက တိုက်ခံရသေးတယ်။ သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကို ထိုင်တွေးနေရင်း ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်... အဲဒီဖုန်းကောလ်ကတော့ ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုး မစ်ရှင်တွေလုပ်ပြီး အောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ ယင်ကောင်သတ်တာမျိုး ကလေးကိုငိုအောင်လုပ်ရတာမျိုးလို မစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲ ....... ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie
Game On (2024)
2024