Channel Myanmar

Genevieve Angelson

True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

Which Brings Me to You (2024) 5.6
Which Brings Me to You (2024)  အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ်ဇာတ်လမ်းလေးတွေရှိကြမှာပါ...။အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင်ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင်မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်းစိုးထိတ်သွားရလေ့ရှိတယ်တဲ့။ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ်သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းကအရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီးတစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့...။တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာစိတ်ကူးမိကြပါသတဲ့။သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းကတစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့....အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှသဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ...။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Which Brings Me to You (2024)

The Upside (2017)
The Upside (2017) မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘ၀ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole ...
movie

The Upside (2017)